ယေဇကျေလ 39:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဘုရားရှင်ထာဝရဘုရားက ‘တိုင်းပြည်သန့်ရှင်းသွားအောင် ခုနစ်လအကုန်၌ မြေပြင်ပေါ်ကျန်ရှိနေသော ကျူးကျော်ဝင်ရောက်သူများ၏အလောင်းကို သင်္ဂြိုဟ်ရန် တိုင်းပြည်အနှံ့လိုက်လံရှာဖွေမည့်လူတို့ကို ခန့်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ခု နစ် လ လွန် ပြီး မှ၊ မြေ အ ပြင် တွင် ကျန် သေး သ မျှ ကို သင်္ဂြိုဟ် ကြ စေ ခြင်း ငှာ၊ ရှာ မြဲ ရှာ လျက်၊ နေ ပြည် တွင် သွား လာ ရ သူ တို့ ကို ခိုင်း ရ ကြ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှာ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမကရှာဖွေကြစဉ်တွင်၊ အခန်းကိုကြည့်ပါ။ |
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။