ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော်ကို ပျက်စီးခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
ယေဇကျေလ 37:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤအရိုးတို့ အသက်ရှင်နိုင်မည်လော”ဟု မေးလျှင် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏”ဟု ပြန်လျှောက်၏။ Common Language Bible ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။ Garrad Bible ထို အ ခါ၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ သည် ရှင် နိုင် မည် လော ဟု မေး တော် မူ သော်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သိ တော် မူ ပါ ၏ ဟု ငါ ပြန် လျှောက် လျှင်၊ Judson Bible ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။ |
ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော်ကို ပျက်စီးခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
ဘုရားရှင်ထာဝရဘုရားက ‘လူမနေသောမြို့ကဲ့သို့ သင့်ကို တိတ်ဆိတ်ခြောက်ကပ်စေသောအခါ၊ ဟုန်းဟုန်းထသောသမုဒ္ဒရာရေဖြင့် သင့်ကို လွှမ်းမိုးစေသောအခါ
ထို့နောက် ထာဝရဘုရားသည် ငါ့အား ထိုအရိုးတို့ပတ်ပတ်လည်သို့ လျှောက်သွားစေ၏။ ချိုင့်ဝှမ်းတစ်ပြင်လုံးတွင် အရိုးအမြောက်အမြားရှိ၍ အလွန်ခြောက်သွေ့နေသည်ကို တွေ့ရ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်စေ၍ အသက်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေ၏။
သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။
“ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။
သို့သော် လူအချို့တို့က “သေလွန်သောသူတို့သည် မည်သို့ထမြောက်ကြမည်နည်း။ မည်သို့သောကိုယ်ခန္ဓာဖြင့် ပေါ်လာကြမည်နည်း”ဟု မေးမြန်းကြလိမ့်မည်။
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
ထာဝရဘုရားသည် အသက်ကိုသေစေနိုင်၏။ အသက်ကို ရှင်စေနိုင်၏။ မရဏာနိုင်ငံသို့ ကျစေနိုင်၏။ မရဏာနိုင်ငံမှလည်း ထုတ်ဆောင်ပေးနိုင်၏။