အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
ယေဇကျေလ 37:24 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။ Common Language Bible ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။- Garrad Bible ကျွန် တော် ရင်း ဒါ ဝိဒ် မင်း အုပ် စိုး ခြင်း ကို ခံ လျက်၊ အ ထိန်း အ ကျောင်း တစ် ဦး တည်း အောက် နေ သော ထို သူ တို့ သည်၊ ငါ ဆုံး ဖြတ် ချက် များ အ တိုင်း လိုက် လျှောက် လျက်၊ ထုံး ဖွဲ့ ချက် များ ကို စောင့် ထိန်း လိုက် နာ ကြ ရာ၊ Judson Bible ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတစ်ဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။ |
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
ပညာရှိတို့၏စကားများသည် နှင်တံကဲ့သို့ဖြစ်ပြီး တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်ထားသည့် စုစည်းထားသောစကားများသည် ခိုင်မြဲစွာရိုက်ထားသောသံကဲ့သို့ဖြစ်၏။
ကြည့်ရှုလော့။ ရှင်ဘုရင်တစ်ပါးသည် ဖြောင့်မတ်စွာ စိုးစံမည်။ အကြီးအကဲတို့သည်လည်း တရားမျှတစွာ အုပ်ချုပ်မည်။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားနှင့် သူတို့အတွက် ငါပေါ်ထွန်းစေမည့် သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကိုအစေခံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
ဖျက်ဆီးမည်၊ ဖျက်ဆီးမည်၊ ငါဖျက်ဆီးပစ်မည်။ စီရင်ပိုင်သူရောက်လာ၍ သူ့လက်သို့မအပ်မချင်း ဤအတိုင်းမရှိစေရ’ဟု မိန့်တော်မူ၏။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ထိုပြည်ရှိ အစ္စရေးတောင်ပေါ်တွင် သူတို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်စေမည်။ သူတို့အားလုံးကို ရှင်ဘုရင်တစ်ပါးတည်းသာ အုပ်ချုပ်မည်။ သူတို့သည် လူမျိုးနှစ်မျိုးဖြစ်တော့မည်မဟုတ်၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားတော့မည်မဟုတ်။
ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။
မင်းသားပိုင်ရာမြေသည် သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေတို့၏တစ်ဖက်တစ်ချက်တွင်ရှိရမည်။ သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေမှ အနောက်ဘက်နယ်နိမိတ်နှင့် အရှေ့ဘက်နယ်နိမိတ်အထိရောက်၍ အရှေ့နှင့်အနောက် နှစ်ဖက်စလုံး မျိုးနွယ်တစ်နွယ်၏အမွေမြေနှင့်ထိစပ်ပြီး အလျားတူရမည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
သူသည် ထာဝရဘုရား၏အစွမ်း၊ သူ၏ဘုရားသခင် ထာဝရဘုရား၏နာမတန်ခိုး၌ ရပ်တည်၍ မိမိသိုးတို့ကိုထိန်းကျောင်းလိမ့်မည်။ သူသည် ယခုမှစ၍ မြေကြီးဆုံးတိုင်အောင်ကြီးမြတ်မည်ဖြစ်၍ သိုးတို့သည်လည်း လုံခြုံစွာနေရကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ လိုက်နာရမည့် ပညတ်တော်၊ ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
ဘုရားသခင်၌ ငါတည်၏ဟုဆိုသောသူသည် ခရစ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။