အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ယေဇကျေလ 35:15 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။ Garrad Bible အို စိ ရ တောင် နှင့် ဧ ဒုံ ပြည် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် ပြည် ဆိတ် ညံ ရာ ရောက် သော ကြောင့်၊ သင် ရွှင် လန်း သည် နှင့် အ မျှ၊ ငါ ဆပ် ပေး သည့် အ တိုင်း၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ရောက် သော်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။ Judson Bible ဣသရေလအမျိုးသားတို့ အမွေမြေပျက်စီးသည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
ငါ့အမွေကို တိုက်ခိုက်လုယက်သောသူတို့၊ သင်တို့သည် ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊ တလင်းနယ်သောနွားမတမ်းကဲ့သို့ နင်းချေလျက်၊ စစ်မြင်းများကဲ့သို့ ဟီလျက်ရှိကြသော်လည်း
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့်
ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။
လူသူကင်းမဲ့ရာ အစဉ်ဖြစ်စေမည်။ မြို့တို့တွင် နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
တစ်ဖန် အချင်းလူသား၊ အစ္စရေးတောင်တန်းအား ဤသို့ပရောဖက်ပြုဟောပြောလော့။ ‘အို အစ္စရေးတောင်တန်း၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။
ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။
သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့်။
အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။
ဂျေရုဆလင်မြို့၊ ဣဒုမဲနယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှစ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့ပတ်ဝန်းကျင်မှ လူအမြောက်အမြားတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားသဖြင့် အထံတော်သို့လာကြ၏။