အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ယေဇကျေလ 35:11 - မြန်မာ့စံမီသမ္မာကျမ်း ငါဘုရားရှင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ သင်သည် သူတို့အား ဒေါသစိတ်၊ မနာလိုစိတ်ဖြင့် အငြိုးထားခြင်းကြောင့် သင့်ကို ငါစီရင်မည်။ သင့်ကို ငါစီရင်သောအခါ ငါမည်သူဖြစ်ကြောင်း သူတို့ကိုသိစေမည်။ Common Language Bible သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည် အတိုင်း ငါ၏လူမျိုးတော်အားသင်အမျက် ထွက်ခြင်း၊ ငြူစူခြင်း၊ မုန်းထားခြင်းကြောင့် သင့်အားငါစီရင်မည်။ သင်သည်သူတို့ အားပြုခဲ့သည့်အမှုများအတွက်အပြစ် ဒဏ်ခံရကြောင်းကိုသူတို့သိရှိကြလိမ့် မည်။- Garrad Bible ငါ လည်း၊ သင် မုန်း ထား ခြင်း၊ ဝန် တို ခြင်း၊ အ မျက် ထွက် ခြင်း နှင့် အ မျှ ဆပ် ပေး လျက် တ ရား စီ ရင် သည့် ကာ လ၊ ထို လူ မျိုး အား ထင် ရှား ရာ ရောက် မည် ဟု၊ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် သူတို့ကိုရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည်နှင့်အညီ သင်၌ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။ |
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
‘ငါ့လူမျိုးတော်အစ္စရေးတို့၏လက်ချက်ဖြင့် ဧဒုံပြည်ကို လက်တုံ့ပြန်မည်။ သူတို့သည် ငါ့အမျက်ဒေါသအလျောက် ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ထိုအခါမှ ငါလက်တုံ့ပြန်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။