ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ယေဇကျေလ 33:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။ Common Language Bible ``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။- Garrad Bible မြို့ ပျက် များ၌ ရှိ နေ သူ တို့ သည်၊ ဓား ဖြင့် ကျ ဆုံး ခြင်း၊ တော၌ ရှိ နေ သူ တို့ သည်၊ သား ရဲ စာ ဖြစ် ထား တော် မူ ခြင်း၊ လုံ ခြုံ ရာ ဥ မင် များ၌ ရှိ နေ သူ တို့ သည်၊ ကပ် ရော ဂါ ဖြင့် သေ လွန် ခြင်း ကို ခံ ရ ကြ မည်။ Judson Bible တစ်ဖန် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီးသော အရပ်၌နေသော သူတို့သည် ဓားဖြင့်လဲ၍ သေရကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့သည် ကာလနာနှင့် သေရကြလိမ့်မည်။ |
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။
ထို့ကြောင့် သင်တို့သွားရောက်နေထိုင်မည့်ပြည်၌ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရမည်ကို အသေအချာမှတ်ထားကြလော့”ဟု ပြောဆိုလေ၏။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ပြိုပျက်နေသောအစ္စရေးပြည်တွင် နေထိုင်သူတို့က ‘အာဗြဟံတစ်ဦးတည်းပင် ထိုပြည်ကို အပိုင်ရသေးလျှင် လူအများဖြစ်သောငါတို့ကို သာ၍အပိုင်ပေးနိုင်၏’ဟု ဆိုတတ်ကြ၏။
သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။
“ငါသည် မြေပြင်ပေါ် ရှိသမျှတို့ကို အကုန်အစင်ဖျက်ဆီးပစ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
ဒါဝိဒ်သည် ထိုအရပ်မှထွက်ပြေးလွတ်မြောက်သွားပြီး အဒုလံလိုဏ်ဂူ၌ ရောက်နေကြောင်းကို သူ့အစ်ကိုများ၊ သူ့ဖခင်၏ဆွေမျိုးသားချင်းများကြားသိသောအခါ သူရှိရာလိုဏ်ဂူသို့ ဆင်းလာကြ၏။
ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။
လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။