အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 32:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင့်​ဘဝ​ကို နိဂုံးချုပ်​စေ​သော​အချိန်​တွင် မိုးကောင်းကင်​ကို ဖုံး​ထား​မည်​။ ကြယ်​တို့​ကို​လည်း အမှောင်ကျ​စေ​မည်​။ နေ​ကို တိမ်​ဖြင့်​ကာ​ထား​မည်​။ လ​သည် အလင်းရောင်​ကို ပေး​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် ကို ငါ ကုန် ခန်း စေ သည့် ကာ လ၊ ကြယ် ရောင် ကွယ် သည့် တိုင် အောင် ကောင်း ကင် ကို ဖုံး အုပ် ခြင်း၊ လ မ သာ စေ ဘဲ၊ နေ ကို မိုး သား နှင့် ဖုံး အုပ် ခြင်း၊ သင့် အ ထက် ကောင်း ကင် ရှိ အ လင်း အိမ် ဟူ သ မျှ ကို ကွယ် ခြင်း များ ပြု သ ဖြင့်၊ သင့် ပြည်၌ မှောင် ကျ စေ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 32:7
22 ပူးပေါင်းရင်းမြစ်များ  

နေ​ကို အမိန့်ပေး​တော်မူ​သဖြင့် နေ​မ​ထွက်​။ ကြယ်​တို့​ကို​လည်း ချိပ်ပိတ်​ထား​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။


နေ​နှင့်​အလင်း​၊ လ​နှင့်​ကြယ်​တို့ မှောင်​မ​သွား​မီ​၊ မိုးရွာ​ပြီးနောက် တိမ်တိုက်​များ​ပြန်​မ​လာ​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။


ကောင်းကင်​ကြယ်​၊ ကောင်းကင်ကြယ်စု​တို့​သည် အလင်း​ကို​မ​ပေး​။ နေ​ထွက်​ချိန်​၌ မှောင်မည်း​နေ​မည်​။ လ​သည်​လည်း အလင်း​ကို​မ​ပေး​။


ကောင်းကင်​တန်ဆာ​တို့​သည် ပျက်စီးပျောက်ကွယ်​သွား​၍ ကောင်းကင်​သည် စာလိပ်​ကဲ့သို့​လိပ်​သွား​မည်​။ ကောင်းကင်တန်ဆာ​တို့​သည် စပျစ်ပင်​မှ အရွက်​ကြွေကျ​သကဲ့သို့​၊ သဖန်းပင်​မှ အရွက်​ကြွေကျ​သကဲ့သို့ ကြွေကျ​ကြ​လိမ့်မည်​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


အီဂျစ်​ပြည်​၏​ထမ်းပိုး​ကို ချိုး​ပစ်​သောအခါ တာပနက်​မြို့​၌ နေ့​သည် အမှောင်ကျ​လိမ့်မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​သည်​လည်း ကုန်ခန်း​သွား​၍ သူ့​အဖို့ တိမ်ဖုံး​သော​နေ့​တစ်နေ့​ဖြစ်​လိမ့်မည်​။ မြို့သူမြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။


နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုးတကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘မရဏာနိုင်ငံ​သို့ ကျသွား​သော​နေ့​တွင် သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​မည်​။ နက်ရှိုင်း​ရာ​အရပ်​၌ သူ့​ကို ငါ​ပိတ်​ထား​မည်​။ မြစ်​များ​ကို တားဆီး​ထား​သဖြင့် ရေ​များ ရပ်တန့်​နေ​မည်​။ သူ့​ကြောင့် လက်ဘနွန်​တောင်​ကြီး ဝမ်းနည်း​ပူဆွေး​ရ​လိမ့်မည်​။ တော​ထဲရှိ​သစ်ပင်​အားလုံး အားလျော့​ကြ​လိမ့်မည်​။


သိုးထိန်း​သည် ကွဲလွင့်​သွား​သော မိမိ​၏​သိုး​တို့​ကို လိုက်ရှာ​သကဲ့သို့ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ရှာဖွေ​မည်​။ မိုးအုံ့​၍​အမှောင်ကျ​သော​နေ့​တွင် အရပ်ရပ်​ကွဲလွင့်​သွား​သော ငါ့​သိုး​တို့​ကို​ကယ်တင်​မည်​။


သူ​တို့​ရှေ့​တွင် မြေကြီး​လှုပ်ခတ်​၍ ကောင်းကင်​ခါယမ်း​လေ​၏​။ နေ​နှင့်​လ​လည်း အမှောင်ကျ​ကုန်​၏​။ ကြယ်​များ​သည်​လည်း မိမိ​တို့​၏​အလင်း​ကို မပေး​နိုင်​။


ထို​နေ့​သည် အမှောင်​တကာ့​အမှောင်​နေ့​၊ မိုးအုံ့​၍​အမှောင်​ကျ​သော​နေ့ ဖြစ်​၏​။ တောင်​ပေါ်တွင် အရုဏ်ဦး​အလင်း​ဖြာကျ​သကဲ့သို့ အင်အားကြီး​သော​လူမျိုး​ကြီး​တစ်​မျိုး ပေါ်လာ​မည်​။ ဤ​အဖြစ်မျိုး​သည် ရှေး​က​လည်း မ​ဖြစ်​ဖူး​။ နောင်ကာလ​မျိုးဆက်​အစဉ်အဆက်​တွင်​လည်း ဖြစ်​လိမ့်မည်​မ​ဟုတ်​။


ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။


နေ​နှင့်​လ​လည်း အမှောင်ကျ​လိမ့်မည်​။ ကြယ်​များ​သည်​လည်း မိမိ​တို့​အလင်း​ကို ထွန်းလင်း​ကြ​မည်​မ​ဟုတ်​။


ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။


ထို​နေ့ရက်​တို့​၏​ဆင်းရဲ​ဒုက္ခ​ပြီးဆုံး​သည်​နှင့် ချက်ချင်း​ပင် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။


သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။


ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။


စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။