ယေဇကျေလ 31:8 - မြန်မာ့စံမီသမ္မာကျမ်း
ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည်ပင် ထိုအပင်နှင့်မယှဉ်နိုင်။ ထင်းရှူးပင်သည် သူ၏အခက်အလက်ကို မယှဉ်နိုင်။ ပလိန်းပင်သည်လည်း သူ၏အကိုင်းအခက်ကို မယှဉ်နိုင်။ ဘုရားသခင်၏ဥယျာဉ်တော်ရှိ မည်သည့်အပင်ကမျှ သူ၏လှပတင့်တယ်ခြင်းနှင့်မယှဉ်နိုင်။
အခန်းကိုကြည့်ပါ။
ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
အခန်းကိုကြည့်ပါ။
ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ သစ် က တိုး ပင် များ သည် မ လွန် မ ကဲ၊ ထင်း ရှူး ပင် များ သည် အ ကိုင်း အ ခက် နှင့် လည်း ကောင်း၊ ပိုး စာ ပင် များ သည် အ ခက် အ လက် နှင့်လည်း ကောင်း၊ မ ပြိုင် မ ယှဉ်၊ ဥ ယျာဉ် တော် ရှိ တစ် ပင် မျှ၊ ထို တင့် တယ် ခြင်း ကို မ မီ ချေ။
အခန်းကိုကြည့်ပါ။
ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရှူးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့် မပြည့်စုံကြ။ ဘုရားသခင်၏ဥယျာဉ်တော်၌ သစ်ပင်တစ်ပင်မျှ ထိုအပင်ကဲ့သို့ အဆင်းမလှ။
အခန်းကိုကြည့်ပါ။