ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ယေဇကျေလ 31:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။ Common Language Bible ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။- Garrad Bible စိတ် မာ န ကြီး သော ကြောင့်၊ ငါ နှင် ထုတ်၍ အပ် နှင်း သည့် အ တိုင်း၊ လူ မျိုး ခြား တို့ အ ရှင် ဖြစ် သူ သည်၊ ဆိုး သွမ်း မှု အ တွက် စီ ရင် ဆုံး ဖြတ် သည့် ပြင်၊ Judson Bible လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။ |
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
အို ထာဝရဘုရား၊ လူတို့သည် ကိုယ်တော်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော် စီရင်တော်မူချိန်ရောက်ပါပြီ။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အဆီးရီးယားဘုရင်ကို ဒဏ်ခတ်သကဲ့သို့ ဘေဘီလုံဘုရင်နှင့် သူ၏ပြည်ကို ဒဏ်ခတ်မည်။
အကျွန်ုပ်ညည်းတွားသံကို ကြားသော်လည်း အကျွန်ုပ်ကို နှစ်သိမ့်ပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဒုက္ခရောက်ကြောင်းကို အကျွန်ုပ်၏ရန်သူအပေါင်းတို့ ကြားကြပါပြီ။ ကိုယ်တော် ဤသို့ပြုတော်မူသည်ကို သူတို့ နှစ်သက်အားရကြပါ၏။ ကိုယ်တော်မိန့်ဆိုထားသောနေ့ရက် ရောက်လာပါစေ။ သူတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ကြပါစေ။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။
ငါ့အမျက်ကို သင့်အပေါ်သွန်ချမည်။ ဒေါသမီးဖြင့် မှုတ်ထုတ်ပစ်မည်။ သင့်ကို ရက်စက်ကြမ်းကြုတ်သော အဖျက်သမားတို့လက်သို့အပ်မည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်အင်အားထုကြီးကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ကွယ်ပျောက်သွားစေမည်။
အကြမ်းကြုတ်ဆုံးလူမျိုးဖြစ်သော ထိုဘုရင်နှင့် သူ၏စစ်သည်တို့သည် ရောက်လာ၍ ထိုပြည်ကို ဖျက်ဆီးပစ်ကြလိမ့်မည်။ အီဂျစ်ပြည်ကို ဓားနှင့်တိုက်ခိုက်သဖြင့် တစ်ပြည်လုံးကို အသေကောင်များဖြင့် ပြည့်စေမည်။
အို အဆီးရီးယားမင်းကြီး၊ သင့်သိုးထိန်းတို့ အိပ်ငိုက်နေကြပြီ။ သင့်မှူးမတ်တို့ လဲလျောင်းနေကြပြီ။ သင့်ပြည်သူပြည်သားတို့သည် တောင်များပေါ်တွင် ကွဲလွင့်ကုန်ကြ၍ စုစည်းပေးမည့်သူ မရှိ။
ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။