နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
ယေဇကျေလ 3:3 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။ Common Language Bible ကိုယ်တော်က``အချင်းလူသားသင့်အား ငါပေးသည့်စာလိပ်ကိုဝမ်းပြည့်အောင်စား လော့'' ဟုမိန့်တော်မူသဖြင့်ငါသည်စား လိုက်သောအခါထိုစာလိပ်သည်ပျားရည် ကဲ့သို့ချို၏။ Garrad Bible အ ချင်း လူ့ သား၊ ငါ ကျွေး သော ဤ စာ လိပ် ကို ဝမ်း ပြည့် အောင် စား မျို လော့ ဟု မိန့် တော် မူ သော်၊ ငါ စား ၍ ခံ တွင်း ၌ ပျား ရည် ကဲ့ သို့ ချို ၏။ Judson Bible အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်စား၍ ပါးစပ်၌ပျားရည်ကဲ့သို့ ချို၏။ |
နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
ငါ့ရှေ့တွင် ထိုစာလိပ်ကို ဖြန့်ပြသောအခါ စာလိပ်နှစ်ဖက်စလုံးတွင် ငိုကြွေးမြည်တမ်းခြင်းအကြောင်းများ၊ အမင်္ဂလာအကြောင်းများ ရေးသားထားသည်ကို ငါတွေ့ရ၏။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။
ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။