ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့်ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြရ၏။
ယေဇကျေလ 29:15 - မြန်မာ့စံမီသမ္မာကျမ်း ပြည်တကာတို့တွင် အနိမ့်ကျဆုံးပြည်ဖြစ်မည်။ အခြားလူမျိုးတို့ကို လွှမ်းမိုးနိုင်တော့မည်မဟုတ်။ အခြားတိုင်းပြည်တို့ကို မအုပ်စိုးနိုင်အောင် ငါအားလျော့စေမည်။ Common Language Bible နိုင်ငံတကာတွင်အသိမ်ငယ်ဆုံးဖြစ်၍ အခြားနိုင်ငံများကို အဘယ်အခါ၌မျှ အုပ်စိုးရလိမ့်မည်မဟုတ်။ ငါသည်သူတို့ အားအလွန်သိမ်ဖျင်းစေမည်ဖြစ်၍ သူတို့ သည်အဘယ်လူမျိုးအပေါ်တွင်မျှသြ ဇာအာဏာလွှမ်းမိုးနိုင်ကြလိမ့်မည်မ ဟုတ်။- Garrad Bible လူ မျိုး ခြား တို့ ကို အုပ် စိုး ခွင့် မ ရ သည့် တိုင် အောင် သိမ် ဖျင်း စေ လျက်၊ တိုင်း နိုင် ငံ တ ကာ ထက် သိမ် ငယ် ရာ ရောက် သ ဖြင့်၊ လူ မျိုး ခြား တို့ အ ပေါ် တွင် ဂုဏ် ရှိ တော့ မည် မ ဟုတ်။ Judson Bible တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန် အစိုးမရစေခြင်းငှာ ငါရှုတ်ချမည်။ |
ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့်ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြရ၏။
ဤသို့ဖြင့် တိုင်းနိုင်ငံသည် နလန်မထူနိုင်အောင် ကျရှုံးသွားပြီး ပဋိညာဉ်ကို စောင့်ထိန်းမှသာ ရပ်တည်နိုင်မည့်အခြေအနေဖြစ်သွားရလေပြီ။
ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
သူတို့သည် ဒုက္ခပင်လယ်ကို ဖြတ်ကျော်၍ ပင်လယ်လှိုင်းတံပိုးတို့ကို ဒဏ်ခတ်လိမ့်မည်။ နိုင်းမြစ်ရေထုကြီးလည်း ခန်းခြောက်သွားလိမ့်မည်။ အဆီးရီးယားပြည်၏မာန ချိုးဖျက်ခံရလိမ့်မည်။ အီဂျစ်ပြည်၏ရာဇလှံတံလည်း ကွယ်ပျောက်ရလိမ့်မည်။