ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။
ယေဇကျေလ 28:8 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို တွင်းထဲသို့ ဆွဲချပစ်မည်။ သင်သည် ပင်လယ်ပြင်တွင် အသေဆိုးနှင့်သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။- Garrad Bible သင်္ချိုင်း တွင်း သို့ ချ ကြ သည့် အ လျောက်၊ လုပ် ကြံ ခံ ရ သူ တို့ နည်း တူ သေ ဒဏ် ကို၊ သ မု ဒ္ဒ ရာ ဗ ဟို တွင် ပင်၊ သင် ခံ ရ လ တ္တံ့။ Judson Bible သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။ |
ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။
သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။
ငါ့ဝိညာဉ်ကို သေတွင်းသို့မရောက်အောင် ရွေးနုတ်တော်မူ၏။ ငါ့အသက်သည်လည်း အလင်းကို တွေ့မြင်ခွင့်ရ၏’ဟု ဆိုလိမ့်မည်။
အကျွန်ုပ်၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ကိုမထူးဘဲနေတော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုမကြားဘဲ တိတ်ဆိတ်စွာနေတော်မူလျှင် အကျွန်ုပ်သည် သေတွင်းထဲသို့ဆင်းသွားသောသူကဲ့သို့ ဖြစ်ရပါလိမ့်မည်။
အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။ အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
မရဏာနိုင်ငံကဲ့သို့ သူတို့ကို အရှင်လတ်လတ်ဝါးမျိုလျက် သေတွင်းထဲသို့ တစ်ကိုယ်လုံးဆင်းသွားရသူများကဲ့သို့ ဖြစ်စေကြစို့။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ယခုတွင် သမုဒ္ဒရာသည် သင့်ကိုရိုက်ချိုးလေပြီ။ သင်၏ကုန်စည်နှင့် သင်၌ရှိသောလူအပေါင်းတို့သည် နက်ရှိုင်းသောသမုဒ္ဒရာထဲတွင် နစ်မြုပ်သွားကြလေပြီ။
‘သင်သည် သင့်ကိုသတ်သောသူ၏ရှေ့မှောက်တွင် ငါသည် ဘုရားဖြစ်၏ဟု ဆိုနိုင်ဦးမည်လော။ စင်စစ် လူသတ်သမားတို့အဖို့ သင်သည် ဘုရားမဟုတ်။ လူသားသာဖြစ်၏။