သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ယေဇကျေလ 27:18 - မြန်မာ့စံမီသမ္မာကျမ်း ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။ Common Language Bible ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။- Garrad Bible သင်၌ လက် ဖြစ် ဥ စ္စာ ဘ ဏ္ဍာ အ မျိုး မျိုး များ ပြား သည့် အ တွက်၊ ဒ မာ သက် မြို့ သည်၊ ဟေ လ ဗုန် စ ပျစ် ရည် နှင့် ဇာ ခ ရ သိုး မွေး များ ကို ကုန် သွယ် သူ ဖြစ်၏။ Judson Bible ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖလှယ်လျက် ဖောက်ကားတတ်၏။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ဥဇလအရပ်မှ ဝေဒန်ပြည်သား၊ ယာဝန်ပြည်သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သံထည်၊ ကရဝေး၊ ခါနဲများကို သင်၏ကုန်ပစ္စည်းများနှင့် လှဲလှယ်ကြ၏။
ပင်လယ်မှသင်၏ကုန်ပစ္စည်းများ ရောက်လာသောအခါ လူတို့နှစ်သက်ကြ၏။ လောကီဘုရင်တို့သည် သင်၏စည်းစိမ်ဥစ္စာများ၊ သင်၏ကုန်ပစ္စည်းများကြောင့် ကြွယ်ဝချမ်းသာကြလေပြီ။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။