ယေဇကျေလ 27:12 - မြန်မာ့စံမီသမ္မာကျမ်း တာရှုမြို့သားတို့သည် ကုန်စည်မျိုးစုံပေါများသောသင်နှင့် ကုန်သွယ်ကြ၏။ ထိုကုန်စည်များကို ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကြ၏။ Common Language Bible ``သင်သည်မိမိ၏များမြောင်သောကုန်စည် တို့ကိုတာရှုမြို့တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ နှင့်လဲလှယ်ကာကုန်သွယ်မှုကိုပြု၏။- Garrad Bible သင် ၌ ဥ စ္စာ ဘ ဏ္ဍာ အ မျိုး မျိုး များ ပြား သည့် အ တွက်၊ တာ ရှု မြို့ သည်၊ ငွေ၊ သံ၊ ဘင်၊ ခဲ ကုန် များ ကို ထပ် လဲ ကုန် သွယ် သူ ဖြစ် ၏။ Judson Bible သင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။ |
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟုရံမင်းကြီး၏အမှုထမ်းတို့နှင့်အတူ ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။
အို တာရှုမြို့သမီးပျို၊ အထိန်းအချုပ်မရှိတော့ပြီဖြစ်၍ နိုင်းမြစ်ကဲ့သို့ ကိုယ့်မြေပေါ်မှာ ဖြတ်သန်းသွားလာလော့။
တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ သင်တို့၏ခံတပ်သည် ဖျက်ဆီးခြင်းခံရလေပြီ။
အို ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ တာရှုမြို့သို့ကူးသွားကြလော့။ ညည်းတွားငိုကြွေးကြလော့။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။
အာဝဒ်အမျိုးသားတို့နှင့် သင်၏စစ်သည်တို့သည် သင့်မြို့ရိုးများတွင် ပတ်လည်ဝိုင်းထားကြ၏။ စစ်သူရဲတို့သည် မျှော်စင်များပေါ်တွင် စောင့်ကြပ်ပေးနေ၏။ သူတို့သည် ဒိုင်းလွှားများကို မြို့ရိုးပတ်ပတ်လည်တွင် ချိတ်ဆွဲထားကြ၏။ သူတို့သည် သင်၏အလှတရားကို စုံလင်စေကြ၏။
ယာဝန်အမျိုးသား၊ တုဗလအမျိုးသား၊ မေရှက်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ သင်၏ကုန်စည်များကို သက်ရှိလူများ၊ ကြေးနီအသုံးအဆောင်များနှင့် လဲလှယ်ကြ၏။
ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။
ပင်လယ်မှသင်၏ကုန်ပစ္စည်းများ ရောက်လာသောအခါ လူတို့နှစ်သက်ကြ၏။ လောကီဘုရင်တို့သည် သင်၏စည်းစိမ်ဥစ္စာများ၊ သင်၏ကုန်ပစ္စည်းများကြောင့် ကြွယ်ဝချမ်းသာကြလေပြီ။
သင်၌ ကုန်သွယ်ရေးလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မတရားမှုများလည်း များပြားလာ၏။ ထိုသို့ သင်အပြစ်ပြု၍ ညစ်ညူးသွားသောကြောင့် ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှ သင့်ကို ငါနှင်ထုတ်ပစ်၏။ အတောင်ဖြန့်မိုးသော အို ခေရုဗိမ်၊ သင့်ကို တောက်ထိန်နေသောကျောက်တုံးများအလယ်မှ ငါဖယ်ထုတ်ပစ်ပြီ။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
ရှေဘပြည်၊ ဒေဒန်ပြည်၊ တာရှုပြည်တို့မှ ကုန်သည်များနှင့် သူတို့၏ခြင်္သေ့ပျိုတို့က သင့်အား သင်သည် ပစ္စည်းတို့ကိုလုယူရန် လာသလော။ ရွှေငွေတို့ကို သယ်ဆောင်သွားရန်၊ တိရစ္ဆာန်များနှင့် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားရန်၊ အမြောက်အမြားတိုက်ခိုက်လုယက်ရန်၊ ဥစ္စာဘဏ္ဍာတို့ကို တိုက်ခိုက်သိမ်းယူရန် သင်၏လူအုပ်ကြီးကို စုဝေးစေသလောဟု မေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊