“ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။
ယေဇကျေလ 26:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။ Common Language Bible အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ မြင်း တပ်၊ ရ ထား တပ်၊ မြင်း စီး သူ ရဲ တို့ နှင့် တ ကွ၊ များ ပြား သော အ လုံး အ ရင်း တို့ ပါ၊ မြောက် ပိုင်း မှ တု ရု မြို့ သို့ ငါ ချီ တက် စေ သော၊ ဘု ရင် ထက် ဘု ရင် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ Judson Bible တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင်ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။ |
“ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် တိုင်းနိုင်ငံသည် နလန်မထူနိုင်အောင် ကျရှုံးသွားပြီး ပဋိညာဉ်ကို စောင့်ထိန်းမှသာ ရပ်တည်နိုင်မည့်အခြေအနေဖြစ်သွားရလေပြီ။
သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ ကြည့်ရှုလော့။ သင့်ကို ငါဆန့်ကျင်မည်။ ပင်လယ်လှိုင်းတံပိုးကြီးကြွတက်လာသကဲ့သို့ လူအလုံးအရင်းကြီးကို သင့်ထံချီတက်လာစေမည်။
‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။