Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 26:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​သည် ကမ်းရိုးတန်း​မြို့ရွာ​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​လိမ့်မည်​။ ခံတပ်​များ​ဆောက်​၍ မြေကတုတ်​များ​ဖို့​လိမ့်မည်​။ ဒိုင်းလွှား​ကြီး​ကို​အကာအကွယ်​ယူ​လျက် တိုက်ခိုက်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ကမ်း ခြေ ရှိ ဇ န ပုဒ် များ ကို ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ သင့် ရင် ဆိုင် ရင် တား တည် ခြင်း၊ က တုတ် လှန် ခြင်း၊ ဒိုင်း ရှည် မြှောက် ကာ ခြင်း များ ကို ပြု လျက်၊ မြို့ ရိုး ကို သစ် မောင်း နှင့် နှက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သူ​သည် လယ်​ပြင်၌​ရှိ​သော သင်၏​သား​သ​မီး​တို့​ကို ဓား​နှင့်​သတ်​လိမ့်​မည်။ သင့်​တစ်​ဖက်၌ ရဲ​တိုက်​ကို​တည်၍ မြေ​ရိုး​ကို​ဖို့​ပြီး​လျှင်၊ ဒိုင်း​လွှား​တို့​ကို ချီ​ကာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 26:8
9 ပူးပေါင်းရင်းမြစ်များ  

ယွာဘ​နှင့်​သူ​၏​အပေါင်းပါ​တို့​သည် လာ​၍ ရှေဘ​တည်းခို​နေ​သော​အာဗေလဗက်မာခါ​မြို့​ကို​ဝိုင်း​ထား​ကြ​၏​။ ထို့နောက် မြို့​တံတိုင်း​အပြင်ဘက်​တွင် မြေကတုတ်​ဖို့​၍ မြို့ရိုး​ကို ဖြိုချ​ဖျက်ဆီး​ကြ​၏​။


ကြည့်ရှု​တော်မူ​ပါ​။ မြို့​ကို​သိမ်းယူ​ရန် မြေကတုတ်​ကို တည်ဆောက်​ကြ​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် တိုက်ခိုက်​လာ​သော​ခါလဒဲ​တပ်​၏​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ကြည့်ရှု​တော်မူ​ပါ​။ မိန့်​တော်မူ​သည့်​အတိုင်း ဖြစ်လာ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။


ဇေဒကိ​မင်းကြီး​နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့ စစ်ချီ​လာ​၍ မြို့​ပြင်​၌ စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ကို​တိုက်ခိုက်​ရန် သစ်ပင်​ကို​ခုတ်လှဲ​၍ မြေကတုတ်​ဖို့​ကြ​လော့​။ ဤ​မြို့​သည် ဒဏ်ခတ်​ခံရ​မည့်​မြို့​ဖြစ်​၏​။ မြို့​ထဲ​တွင် ဖိနှိပ်ချုပ်ချယ်မှု​ဖြင့် ပြည့်​၏​။


ဂျေရုဆလင်​မြို့​သို့​သွား​၍ တုံးမောင်း​ကို​ချထား​ရန်​၊ သတ်မိန့်​ပေး​ရန်​၊ စစ်ငြာသံ​ပေး​ရန်​၊ တုံးမောင်း​ကို​ချထား​ပြီး မြို့​တံခါး​ကို ဖြိုဖျက်​ရန်​၊ မြေကတုတ်​များ​နှင့် ခံတပ်​များ​ကို တည်ဆောက်​ရန် သူ​၏​လက်ယာ​လက်​ထဲသို့ မဲကျ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ကမ်းရိုးတန်း​မြို့ရွာ​တို့​သည် ဓား​ဖြင့် လုပ်ကြံ​ခံရ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


တုံးမောင်း​များ​ဖြင့် မြို့ရိုး​ကို ရိုက်ချိုး​လိမ့်မည်​။ ဓားလက်နက်​များ​ဖြင့် ရဲတိုက်​ကို​ဖြိုဖျက်​လိမ့်မည်​။


သူ​တို့​သည် ရှင်ဘုရင်​များ​ကို ပြောင်လှောင်​ကြ​၏​။ အုပ်ချုပ်​သူ​တို့​ကို သရော်​ကြ​၏​။ ခံတပ်​ရှိသမျှ​ကို ဟားတိုက်​ရယ်မော​ကြ​၏​။ မြေဖို့​ပြီး ခံတပ်​များ​ကို တိုက်ခိုက်သိမ်းယူ​ကြ​၏​။


အကြောင်းမူကား သင်​၏​ရန်သူ​တို့​သည် ကတုတ်​တည်​၍ သင့်​ကို​ဝိုင်းရံ​လျက် အဘက်ဘက်​မှ သင့်​ကို​ပိတ်ဆို့​ထား​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ