အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်းတိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။
ယေဇကျေလ 26:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ ကြည့်ရှုလော့။ သင့်ကို ငါဆန့်ကျင်မည်။ ပင်လယ်လှိုင်းတံပိုးကြီးကြွတက်လာသကဲ့သို့ လူအလုံးအရင်းကြီးကို သင့်ထံချီတက်လာစေမည်။ Common Language Bible ``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းတုရုမြို့၊ ငါ သည်သင်၏ရန်သူဖြစ်၏။ သင့်အားတိုက်ခိုက် ကြစေရန်လူမျိုးတကာတို့ကိုငါခေါ် ဆောင်ခဲ့မည်။ သူတို့သည်ပင်လယ်လှိုင်းလုံး များသဖွယ်သင်ရှိရာသို့ချီတက်လာ ကြလိမ့်မည်။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို တု ရု မြို့၊ ငါ သည် သင့် တစ် ဘက် နေ၍၊ သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး တက် သည့် နည်း တူ၊ မြောက် မြား သော လူ မျိုး တို့ ကို သင့် ထံ ချီ တက် စေ ပြီး လျှင်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍ တိုက်စေမည်။ |
အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်းတိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
“မည်သူသည် ငါတို့ရှိရာသို့ဆင်းလာနိုင်သနည်း။ မည်သူသည် ငါတို့၏ခိုလှုံရာအရပ်သို့ဝင်နိုင်သနည်း”ဟု ပြောဆိုတတ်သော “အို ချိုင့်ဝှမ်း၌နေသောသူ၊ အို ကျောက်ကုန်းရိုး၌နေသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို မာနထောင်လွှားသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါဒဏ်ခတ်မည့်အချိန် ရောက်ပြီဖြစ်၍ သင့်ကို ငါဒဏ်ခတ်မည်။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့မြင်းကိုစီး၍ စစ်ချီလာသောအသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဘေဘီလုံသမီးပျို၊ သူတို့သည် စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ။
ဘေဘီလုံမြို့ကို ပင်လယ်ရေ လွှမ်းမိုးလေပြီ။ လှိုင်းလုံးကြီးများ ဖုံးအုပ်လေပြီ။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
အစ္စရေးပြည်အား ‘ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင့်ကို ဆန့်ကျင်မည်။ ဓားအိမ်ထဲမှဓားကို ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် သုတ်သင်ပစ်မည်။
ဘုရားရှင်ထာဝရဘုရားက ‘လူမနေသောမြို့ကဲ့သို့ သင့်ကို တိတ်ဆိတ်ခြောက်ကပ်စေသောအခါ၊ ဟုန်းဟုန်းထသောသမုဒ္ဒရာရေဖြင့် သင့်ကို လွှမ်းမိုးစေသောအခါ
တက်ခတ်သမားများသည် သင့်ကို ကျယ်ပြန့်သောသမုဒ္ဒရာထဲသို့ ဆောင်ယူသွား၍ အရှေ့လေသည် သင့်ကို သမုဒ္ဒရာအလယ်၌ ရိုက်ချိုးပစ်လေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘အို ဆီဒုန်မြို့၊ ကြည့်ရှုလော့။ သင့်ကိုငါဆန့်ကျင်၍ မြို့ထဲတွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ သင့်ကို ငါဒဏ်ခတ်၍ ငါသန့်ရှင်းကြောင်းကို မြို့ထဲတွင် ပြမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ကြည့်ရှုလော့။ ငါသည် သင်နှင့် မြစ်ချောင်းတို့ကို ဖျက်ဆီးမည်။ မိဂဒေါလပြည်၊ သုဏေပြည်မှ အီသီယိုးပီးယားပြည်၏နယ်နိမိတ်တိုင်အောင် အီဂျစ်ပြည်ကို ပြိုပျက်ရာ၊ တိတ်ဆိတ်ခြောက်ကပ်ရာ ဖြစ်စေမည်။
ဘုရားရှင်ထာဝရဘုရားက ‘အို မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင် ဂေါဂမင်းကြီး၊ သင့်ကို ငါစီရင်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် သင့်ကိုစီရင်မည်။ လူမျိုးတကာတို့ရှေ့တွင် သင့်ကိုစီရင်မည်။
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
ခြင်္သေ့ထီးသည် သားပေါက်များ စားလောက်အောင် သားကောင်ကိုသတ်ဖြတ်ကိုက်ဖဲ့ပေး၏။ ခြင်္သေ့မတို့အတွက် သားကောင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပေး၏။ ခိုအောင်းရာဂူထဲ၌ သားကောင်များနှင့် ပြည့်စေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။
ကြည့်ရှုလော့။ ဘုရားရှင်သည် သူပိုင်ဆိုင်သမျှကိုသိမ်းပိုက်၍ သူ့အစွမ်းကို ပင်လယ်ပြင်တွင် ဖျက်ဆီးတော်မူမည်။ မီးဖြင့် လောင်ကျွမ်းစေတော်မူမည်။
ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။