အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 26:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် သင့်​ကြောင့်​ငိုကြွေး​လျက် အို ပင်လယ်သား​နေ​သော​မြို့​၊ ပင်လယ်ပြင်​မှာ​အားကြီး​သော​မြို့​၊ ကျော်စော​သော​မြို့​၊ သင်​သည် ပျက်စီး​လေ​ပြီ​တကား​။ မြို့သား​တို့​သည် ပင်လယ်သား​အားလုံး​ကို ကြောက်ရွံ့တုန်လှုပ်​စေ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မြို့ သား တို့ နှင့် တ ကွ သ မု ဒ္ဒ ရာ တွင် ခိုင် လှုံ လျက်၊ သင်္ဘော စီး သူ အ ပေါင်း တို့ ကို ချောက် လှန့် လျက်၊ သင်္ဘော သား တို့ နေ ရာ၊ ကျော် စော ကိ တ္တိ ရှိ သော အို မြို့ တော်၊ သင် ပျက် စီး လေ ပြီ တ ကား ဟု၊ သင် နှင့် ဆိုင် ရာ ငို ချင်း ကို ဖွဲ့ ဆို ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 26:17
27 ပူးပေါင်းရင်းမြစ်များ  

“အို အစ္စရေး​၊ သင်​၏​ကုန်းမြင့်​များ​ပေါ်တွင် သင်​၏​ဂုဏ်သရေ အသတ်ခံရ​လေ​ပြီ​။ သူရဲကောင်း​တို့ ကျဆုံး​ရ​လေ​ပြီ​တကား​။


အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။


အို ဆီဒုန်​မြို့​၊ ရှက်ကြောက်​လော့​။ ပင်လယ်​က ပြော​လေ​ပြီ​။ ပင်လယ်​ခံတပ်​မြို့​က “​ငါ​သည် ဝမ်း​မ​နာ​ခဲ့​၊ သား​မ​ဖွား​ခဲ့​။ လူပျို အပျို​တို့​ကို​လည်း မ​ကျွေးမွေး​၊ မ​ပြုစု​ခဲ့​”​ဟု ဆို​လေ​ပြီ​။


တိုင်ရာ​မြို့​သည် အခြား​မြို့​များ​ကို သရဖူ​ဆောင်း​ပေး​တတ်​သော​မြို့​ဖြစ်​၏​။ ထို​မြို့​၏​ကုန်သည်​တို့​သည် မှူးမတ်​များ​၊ ကူးသန်း​ရောင်းဝယ်​သူ​တို့​သည် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သူ​များ​ဖြစ်​ကြ​၏​။ ထို​မြို့​ကို ထိုသို့​ဖြစ်​အောင် မည်သူ​ကြံစည်​သနည်း​။


မောဘ​ပြည် ပြိုလဲ​ပြီ​တကား​။ ပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​ပြီ​တကား​။ မောဘ​ပြည် အရှက်ကွဲ​၍ လှည့်ထွက်​သွား​ပြီ​။ သူ့​ဝန်းကျင်​ရှိ​လူ​အားလုံး​အတွက် ပြက်ရယ်ပြုစရာ​၊ ထိတ်လန့်စရာ ဖြစ်​လေ​ပြီ​။


မြေ​တစ်ပြင်လုံး​ကို ထုနှက်​ခဲ့​သော​တူကြီး အချိုး​ခံ​လိုက်​ရ​ပါ​ပြီ​တကား​။ ကျိုးပဲ့​သွား​ပါ​ပြီ​တကား​။ ဘေဘီလုံ​မြို့​သည် လူမျိုးတကာ​တို့​တွင် ထိတ်လန့်စရာ​ဖြစ်​လေ​ပြီ​တကား​။


အို ငါ့​လူမျိုး​သမီးပျို​၊ ပျက်စီး​ခြင်း​သည် ငါ​တို့​ထံ ရုတ်တရက်​ရောက်လာ​မည်​ဖြစ်၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ပြာ​၌​လူး​လော့​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခါးသီး​စွာ​ငိုကြွေး​လော့​။


သင်​တို့​၏​ဆံပင်​ကို​ရိတ်​၍ လွှင့်ပစ်​လော့​။ တောင်ကတုံး​များ​ပေါ်၌ မြည်တမ်း​ခြင်း​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အမျက်​တော်​ခံထိုက်​သော​မျိုးဆက်​ကို ပယ်​တော်မူ​ပြီ​၊ စွန့်ပစ်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​ရ​မည်”​ဟု မိန့်​တော်မူ​၏​။


အို မိန်းမ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို နားစွင့်​ကြ​လော့​။ သင်​တို့​၏​သမီးပျို​တို့​အား မြည်တမ်း​ခြင်း​ကို သင်ကြား​ပေး​ကြ​လော့​။ မိန်းမ​အချင်းချင်း ငိုချင်း​ကို သင်ကြား​ပေး​ကြ​လော့​။


လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။


အစ္စရေး​ခေါင်းဆောင်​တို့​နှင့်ဆိုင်သော ငိုချင်း​ကို ဖွဲ့ဆို​လော့​။


အကိုင်း​တစ်​ကိုင်း​မှ မီး​ထွက်လာ​၍ အသီး​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထို့ကြောင့် ရာဇလှံတံ​အဖြစ် အသုံးပြု​နိုင်​သည့် သန်မာ​သော​အကိုင်းအခက်​တစ်ခုမျှ​မ​ရှိ​တော့​ပေ​ဟု သီဆို​လော့​။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်း​တစ်​ပုဒ်​ပေတည်း’​ဟူ၍ မြွက်ဆို​လော့”​ဟု မိန့်ဆို​၏​။


လူမျိုးတကာ​တို့​မှ ငိုချင်းသည်​မိန်းမ​တို့​က ငိုချင်းဆို​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​နှင့် သူ​၏​လူအလုံးအရင်း​တို့​ကြောင့် ငိုချင်းဆို​ကြ​လိမ့်မည်​။ ဤသည်ကား အီဂျစ်​ပြည်​အတွက် ငိုချင်း​ဖြစ်​၏’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​လျက် ‘​သင်​သည် လူမျိုးတကာ​တို့​တွင် ခြင်္သေ့ပျို​နှင့်​တူ​၏​။ မြစ်ချောင်း​တို့​တွင် ကူးခတ်​သွားလာ​ပြီး ထို​မြစ်ချောင်း​တို့​ကို ခြေ​ဖြင့်​မွှေနှောက်​ကာ နောက်ကျိ​စေ​သော ပင်လယ်​မြွေနဂါး​နှင့်​တူ​၏’​ဟု သူ့​အား ဆင့်ဆို​လော့​။


သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၏​။ ယခုမူ ဓား​ဖြင့်​အသတ်ခံရ​၍ သေဆုံး​ကြ​သဖြင့် သင်္ချိုင်း​တွင်းနက်​ထဲတွင် သူ​၏​လူ​များ​က သူ့​ကို​ဝိုင်းရံ​လျက် သင်္ဂြိုဟ်​ခံရ​လေ​ပြီ​တကား​။


သူ​တို့​သည် အရေဖျားလှီး​ခြင်း​မခံ​သော​၊ ဓား​ကို​ခေါင်းအုံး​သဖွယ်​အုံး​ရ​သော​၊ စစ်လက်နက်​များ​နှင့်တကွ မရဏာနိုင်ငံ​သို့​ဆင်းသွား​ရ​သော စစ်သူရဲ​တို့​နှင့်အတူ လဲလျောင်း​ရ​မည်​မ​ဟုတ်​။ ထို​သူ​တို့​သည် မြေကြီးသား​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​ခဲ့​သည်​ဖြစ်၍ အရိုး​ထိ​အပြစ်​စွဲ​သော​သူ​များ ဖြစ်​ကြ​၏​။


တိရစ္ဆာန်​များ​လည်း ညည်းတွား​ရ​လေ​ပြီ​။ စားကျက်မြေ မ​ရှိ​တော့​သဖြင့် တိရစ္ဆာန်အုပ်​များ တဝဲလည်လည်​ဖြစ်​ရ​လေ​ပြီ​။ သိုးအုပ်​များ​လည်း ဒုက္ခရောက်​လေ​ပြီ​။


“ညအချိန် သင့်​ကို သူခိုး​ဓားပြ​ဝင်တိုက်​လျှင် သင်​မည်မျှ​ဆုံးရှုံး​သွား​မည်နည်း​။ သူ​တို့​လိုချင်​သော​အရာ​ကို​သာ ယူသွား​ကြ​မည်​မ​ဟုတ်​လော​။ သင့်​ခြံ​၌ စပျစ်သီး​လာခူး​ကြ​လျှင် ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​ကြ​သည်​မ​ဟုတ်​လော​။


ထို​နေ့ရက်​၌ လူ​တို့​က သင်​တို့​ကို ပုံခိုင်း​၍ ‘ငါ​တို့ လုံးလုံး​ပျက်စီး​ကြ​ရ​ပြီ​။ ကိုယ်တော်​သည် ငါ့​လူမျိုး​တို့​၏​အမွေမြေ​ကို သူတစ်ပါး​အား လွှဲပြောင်း​ပေး​ပြီ​။ ငါ့​ထံမှ​လည်း ရုပ်သိမ်း​လိုက်​ပြီ​။ ငါ​တို့​၏​လယ်ယာ​ကို​လည်း ရန်သူ​အား ပေးလိုက်​လေ​ပြီ’​ဟူ၍ ခါးသီး​စွာ​ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထို​မြို့​သည် အပျော်အပါး​များ​နှင့်​စည်ကား​သော​မြို့ ဖြစ်​၏​။ မြို့သား​တို့​သည် စိတ်အေးလက်အေး​နေ​တတ်​သော​သူ​များ​၊ မိမိကိုယ်ကို “​ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု ထင်​တတ်​သော​သူ​များ ဖြစ်​၏​။ ယခုမှာ လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​တို့ လဲလျောင်း​နားနေရာ​၊ ဖြတ်သန်းသွားလာ​သော​သူ​အပေါင်း​တို့ လက်ဖျားခါ​၍​ကဲ့ရဲ့​ရာ ဖြစ်​လေ​ပြီ​။


တစ်ဖန် ထို​နယ်နိမိတ်​သည် ရာမ​မြို့​၊ တိုင်ရာ​ခံတပ်​မြို့​တို့​ဘက်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ဟောသ​မြို့​သို့ လှည့်သွား​၍ အာခဇိပ်​နယ်မြေ​ရှိ ပင်လယ်​တွင် ဆုံး​၏​။