ယေဇကျေလ 26:13 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် သီချင်းသံကို ဆိတ်သုဉ်းစေမည်။ စောင်းသံကိုလည်း သင်ကြားရတော့မည်မဟုတ်။ Common Language Bible သင်၏သီချင်းသံများ၊ စောင်းသံများကို ငါရပ်စဲစေမည်။- Garrad Bible သီ ချင်း ဆို သံ ကို၊ ငါ ပြတ် စဲ စေ၍၊ စောင်း တီး သံ ကို လည်း ကြား ရ တော့ မည် မ ဟုတ်။ Judson Bible သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီးသောစောင်းသံကို နောက်တစ်ဖန် အဘယ်သူမျှမကြားရ။ |
သင်၏ဘုန်းတန်ခိုး၊ သင်၏စောင်းသံသည် မရဏာနိုင်ငံသို့ဆင်းသွားပြီ။ လောက်ကောင်များသည် သင့်အောက်၌ပြန့်နေ၍ ပိုးကောင်များသည် သင့်ကိုဖုံးလွှမ်း၏။
သင်သည် ဆူညံသံနှင့်ပြည့်သောမြို့၊ အုတ်အုတ်ကျက်ကျက်ဖြစ်သောမြို့၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့ ဖြစ်ပါသည်တကား။ အသတ်ခံရသော သင်၏လူတို့သည် ဓားဖြင့် သေဆုံးသူမဟုတ်။ စစ်ပွဲ၌ ကျဆုံးသူများလည်းမဟုတ်။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
အို အမေ့ခံရသောပြည့်တန်ဆာမ၊ စောင်းကိုယူ၍ မြို့ထဲတွင်လှည့်ပတ်လော့။ သာသာယာယာတီးခတ်လော့။ သီချင်းများများသီဆိုလော့။ သို့မှ သင့်ကို သတိရကြမည်။
ထိုမြို့သည် သင်တို့အဖို့ ပျော်ပါးစရာကောင်းသောမြို့လော။ ထိုမြို့သည် ရှေးရှေးကတည်းက တည်ရှိခဲ့၏။ မြို့သားတို့သည် ခြေဆန့်၍ ရပ်ဝေးသို့သွားရောက်နေထိုင်တတ်ကြ၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။