လူအလုံးအရင်းတို့သည် သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြလိမ့်မည်၊ ဓားဖြင့် ခုတ်သတ်လိမ့်မည်။ သူတို့၏သားသမီးများကိုလည်း သတ်၍ အိမ်များကိုလည်း မီးရှို့ပစ်လိမ့်မည်။
သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။-
ခဲ ပစ် ဒဏ်၊ ဓား ခုတ် ဒဏ်၊ သား သ မီး တို့ ပါ ကွပ် မျက် ဒဏ်၊ တိုက် အိမ် မီး ရှို့ ဒဏ် များ ကို၊ ပ ရိ သတ် ခတ် ခြင်း ဖြင့်၊
ထိုအလုံးအရင်းသည် မိန်းမတို့ကို ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ်တို့ကိုလည်း မီးရှို့ကြလိမ့်မည်။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
အခြားသောမိန်းမအပေါင်းတို့သည် သင်တို့ပြုသကဲ့သို့ ညစ်ညမ်းသောအမှုကိုမပြုဘဲ သင်ခန်းစာယူနိုင်ရန် ပြည်ထဲရှိ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်ပစ်မည်။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ တိုက်ချွတ်မရအောင် အညစ်အကြေးကပ်နေသောအိုးထဲမှ အသားတုံးများကို မရွေးဘဲ တစ်တုံးပြီးတစ်တုံး ထုတ်လော့။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။