တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။-
ငါ့ နံ့ သာ ပေါင်း နှင့် ဆီ ကို ထည့် လျက်၊ ခင်း ကျင်း ပြီး စား ပွဲ ရှေ့၊ ကြက် သ ရေ ညောင် စောင်း ပေါ် တွင်၊ ထိုင် လင့် သည် တ ကား။
အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။
အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။
သင်သည် မြင့်မားသောတောင်ပေါ်တွင် သင်၏အိပ်ရာကိုခင်း၏။ ထိုတောင်ပေါ်သို့တက်၍လည်း ယဇ်ပူဇော်တတ်၏။
သို့သော် ထာဝရဘုရားကိုစွန့်ပယ်သောသူများ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူများ၊ ဂါဒဘုရားရှေ့ စားပွဲခင်းသောသူများ၊ မေနိဘုရားရှေ့ ရောစပ်ထားသောဝိုင်ကို ခွက်ထဲသို့ ဖြည့်ပေးသောသူများဖြစ်ကြသော သင်တို့အတွက်
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။
‘သူတို့သာလျှင် ငါ့သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်ရမည်။ သူတို့သာလျှင် ငါ့စားပွဲသို့လာ၍ ငါ့အမှုကိုထမ်းဆောင်ရသောအမှုထမ်း ဖြစ်ရမည်။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။
သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊
ငါ့ယဇ်ပလ္လင်ပေါ်တွင် ညစ်ညူးသောအစားအစာကို ပူဇော်ပြီးမှ သင်တို့က ‘ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ညစ်ညူးစေသနည်း’ဟု မေးကြ၏။ သင်တို့က ‘ထာဝရဘုရား၏စားပွဲတော်သည် မထီမဲ့မြင်ပြုခြင်း ခံရလေပြီ’ဟူ၍ ဆိုကြသောကြောင့်တည်း”ဟု မိန့်တော်မူ၏။
ရှောလုမင်းကြီးက “ငါမစားပါ”ဟု ငြင်းဆန်သော်လည်း သူ၏အစေအပါးတို့နှင့်ထိုမိန်းမက တိုက်တွန်းသဖြင့် သူသည် သူတို့၏စကားကိုနားထောင်၍ မြေပေါ်မှထကာ ခုတင်ပေါ်တွင် ထိုင်လေ၏။