ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။
ယေဇကျေလ 23:40 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် တမန်ကိုစေလွှတ်၍ ရပ်ဝေးမှယောက်ျားတို့ကို ခေါ်၏။ ထိုယောက်ျားတို့ရောက်လာသောအခါ သင်သည် ရေမိုးချိုးလျက်၊ မျက်လုံးတို့ကို ခြယ်သလျက်၊ အဆင်တန်ဆာများ ဆင်ယင်လျက်၊ Common Language Bible ``သူတို့သည်ဝေးလံသောအရပ်များသို့လူ အကြိမ်ကြိမ်စေလွှတ်၍ ယောကျာ်းများကိုခေါ် ဖိတ်ကြ၏။ ယောကျာ်းတို့သည်လည်းလာရောက် ကြ၏။ ညီအစ်မနှစ်ယောက်တို့သည်ရေချိုးပြီး လျှင် မျက်ခွံများကိုဆေးဆိုးအလှပြင်၍ ကျောက်မျက်ရတနာများကိုဝတ်စားဆင် ယင်ကြ၏။- Garrad Bible အောင် သွယ် ကို စေ လွှတ်၍၊ အ ဝေး က ခေါ် ဖိတ် သော လူ တို့ ရောက် လာ ကြ ရာ၊ သင် သည် ရေ ချိုး ခြင်း၊ မျက် ခမ်း ၌ ဆေး သား ခြင်း၊ တန် ဆာ ဆင် ယင် ခြင်း များ ကို ပြု လျက်၊ Judson Bible ထိုမှတစ်ပါး၊ သင်သည် တမန်တို့ကို စေလွှတ်၍၊ ဝေးသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဖို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကိုပြုပြီးလျှင်၊ |
ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။
အပျိုတော်တို့အတွက် အလှပြင်သောအချိန်မှာ မုရန်ဆီဖြင့်ခြောက်လ၊ အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းတို့ဖြင့် ခြောက်လဖြစ်၏။ သတ်မှတ်ထားသောအလှပြင်ချိန် တစ်ဆယ့်နှစ်လပြည့်ပြီးမှသာ အပျိုတော်တို့သည် အာရွှေရုမင်းကြီးထံသို့ အလှည့်ကျဝင်ကြရ၏။
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
ထိုအခါ ပြည့်တန်ဆာအဝတ်ကိုဝတ်၍ စိတ်နှလုံးထဲ၌ လျှို့ဝှက်သောအကြံရှိသည့်မိန်းမသည် သူ့ကိုကြိုဆိုလေ၏။
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။
သူသည် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသည်ကို ငါမြင်၏။ သူတို့နှစ်ယောက်စလုံး အကျင့်တူ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့၏တန်ဆာဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေတန်ဆာဆင်မြန်းခြင်း၊ အဝတ်အစားများဖြင့်ဆင်ယင်ခြင်းတည်းဟူသော အပြင်ပန်းတန်ဆာဆင်ခြင်းမဖြစ်စေဘဲ
သင်သည် ရေချိုး၊ ဖီးလိမ်းပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍ တလင်းပြင်သို့သွားပါ။ သူ စားသောက်၍မပြီးမချင်း သင်ရောက်နေသည်ကို သူမသိစေနှင့်။