အစ်မကား အဟောလ၊ ညီမကား အဟောလိဗဟု အမည်တွင်၏။ သူတို့ကို ငါပိုင်၏။ သူတို့၌ သားသမီးများရှိ၏။ အဟောလအမည်ရှိသောသူသည် ရှမာရိမြို့၊ အဟောလိဗအမည်ရှိသောသူသည် ဂျေရုဆလင်မြို့ဖြစ်၏။
အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
အ ဟော လ အ မည် ရှိ သော အ မ နှင့် ညီ မ အ ဟော လိ ဗ တို့ သည်၊ ငါ့ ကာ မ ပိုင် ဖြစ် လျက်၊ သား သ မီး များ ကို ဖွား မြင် ကြ၏။ အ မည် များ မှာ မူ၊ အ ဟော လ သည် ရှ မာ ရိ မြို့၊ အ ဟော လိ ဗ သည် ယေ ရု ရှ လင် မြို့ ဖြစ်၏။
အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
ကိုယ်တော်၏တဲတော်သည် ဆလင်မြို့၌ရှိ၍ ကိုယ်တော်ကိန်းဝပ်တော်မူရာအရပ်သည် ဇိအုန်၌ရှိ၏။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
သူသည် ထိုသို့အလုံးစုံပြုပြီးနောက် ငါက ‘ငါ့ထံသို့ပြန်လာပါ’ ဟု ဆိုသော်လည်း သူသည် ပြန်မလာဘဲနေ၏။ သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် ထိုအရာကို မြင်၏။
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
သူတို့သည် လူအုပ်ကြီးကိုခေါ်လာ၍ သင့်ကို ခဲနှင့်ပေါက်သတ်မည်။ ဓားဖြင့် အပိုင်းပိုင်းခုတ်ဖြတ်မည်။
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ အဟောလနှင့် အဟောလိဗကို စီရင်လော့။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်တို့ကို ပြောကြားလော့။
ယောက်ျားတို့သည် ပြည့်တန်ဆာမထံဝင်သကဲ့သို့ပင် ညစ်ညမ်းသောမိန်းမများဖြစ်သည့် အဟောလနှင့်အဟောလိဗထံ ဝင်ကြလေ၏။
အဟောလသည် ငါ့အပိုင်ဖြစ်လျက်နှင့် ပြည့်တန်ဆာလုပ်၏။ သူချစ်သော အိမ်နီးချင်းအဆီးရီးယားလူမျိုးကိုစွဲမက်၍ သူ့ထံချဉ်းကပ်၏။
ထို့ကြောင့် သူသည် ဒိဗလိမ်၏သမီးဂေါမာနှင့်စုံဖက်လေ၏။ ဂေါမာသည်လည်း ကိုယ်ဝန်ဆောင်ကာ သားယောက်ျားကို မွေးဖွား၏။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည် အခြားသူတည်းဟူသော သေသောသူတို့ထဲမှ ထမြောက်တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရားသခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏။