“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုတည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
ယေဇကျေလ 23:38 - မြန်မာ့စံမီသမ္မာကျမ်း ထိုမျှသာမက ငါ့ကို သူတို့ပြုသောအမှုဟူမူကား ထိုနေ့တွင်ပင် သန့်ရှင်းရာဌာနကိုညစ်ညူးစေ၍ ဥပုသ်နေ့ကိုရှုတ်ချကြ၏။ Common Language Bible သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။- Garrad Bible ၎င်း ပြင်၊ သား များ ကို ရုပ် ပွား တို့ ရှေ့ စီ ရင် သော နေ့ တွင်၊ ငါ့ သန့် ရှင်း ရာ ဌာ န ကို ဝင် လာ၍ ရှုတ် ချ သ ဖြင့်၊ နေ့ ချင်း ပင် သန့် ရှင်း ရာ ဌာ န ကို မ သန့် ရာ ရောက် စေ ခြင်း၊ ဥ ပုသ် နေ့ တော် ကို ရှုတ် ချ ခြင်း များ ကို၊ ဗိ မာန် တော် အ တွင်း ပြု လျက်၊ ငါ့ အား ပြစ် မှား ကြ လေ ပြီ။ Judson Bible ထိုမှတစ်ပါး၊ ငါ၌ပြုသောအမှုဟူမူကား၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြပြီ။ |
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုတည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
သင်သည် ငါ၏သန့်ရှင်းရာဌာနကို မထီမဲ့မြင်ပြုပြီ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
သူတို့၏လှပသောအဆင်တန်ဆာများကြောင့် မာနထောင်လွှားတတ်ကြ၏။ ထိုတန်ဆာများဖြင့် စက်ဆုပ်ရွံရှာဖွယ်ရုပ်တုများကို ထုလုပ်တတ်ကြ၏။ ထို့ကြောင့် ငါသည် ထိုတန်ဆာတို့ကို ညစ်ညူးသောအရာကဲ့သို့ ဖြစ်စေမည်။