လူမျိုးခြားတို့ရှေ့တွင် သင်အရှုတ်ချခံရသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့ဖြစ်၍သင်သည် အခြားလူမျိုးတို့ရှေ့တွင် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ သို့ရာတွင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင် သည်၊ လူ မျိုး ခြား တို့ ရှေ့ တွင် အ ရှုတ် အ ချ ခံ၍၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ ၍ တည်း။
လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
အမ္မုန်အမျိုးသားတို့အား ဘုရားရှင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ဘုရားရှင်ထာဝရဘုရားက ‘သန့်ရှင်းရာဌာန ညစ်ညူးသွားခဲ့စဉ်က၊ အစ္စရေးပြည်ကြီး ဆိတ်သုဉ်းသွားခဲ့စဉ်က၊ ယုဒအမျိုး ဖမ်းခေါ်သွားခြင်းခံရစဉ်က သင်တို့ဟားတိုက်ခဲ့ကြသောကြောင့်
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
ငါသည် ဆိုးညစ်သောလူမျိုးတို့ကို ခေါ်ခဲ့၍ သူတို့နေထိုင်ရာအိမ်များကို သိမ်းပိုက်စေမည်။ ခွန်အားကြီးသောသူတို့၏မာနကို ချိုးပစ်မည်။ သူတို့၏သန့်ရှင်းရာဌာနကို ညစ်ညူးစေမည်။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။