ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
ယေဇကျေလ 22:11 - မြန်မာ့စံမီသမ္မာကျမ်း တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။ Common Language Bible သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။- Garrad Bible သူ့ မ ယား နှင့် ရွံ ရှာ ဖွယ် အ မှု ကို ပြု သူ၊ ချွေး မ ကို အ ဗြ ဟ္မ ပြု သူ၊ ဘ စုံ နှ မ ကို ရှုတ် ချ သူ၊ Judson Bible သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယားကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ်သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။ |
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
အာမနုန်စားဖို့ မုန့်ကိုကမ်းပေးလိုက်သောအခါ အာမနုန်က သူ့ကိုဖမ်းဆွဲပြီး “ငါ့နှမ လာပါ။ ငါနှင့်အတူ အိပ်ပါ”ဟု ဆို၏။
နှမစကားကို နားမထောင်ဘဲ နှမထက်အားကြီးသောကြောင့် သူ့ကို အဓမ္မပြုကျင့်ကာ အတူအိပ်လေ၏။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။
ဖခင်မပြုခဲ့သောအမှုများဖြစ်သည့် တောင်များပေါ်တွင်ပူဇော်သောအစာကိုစားခြင်း၊ အိမ်နီးချင်း၏မယားကိုပြစ်မှားခြင်း၊
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
သင့်ချွေးမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်သား၏မယားဖြစ်၏။ သူနှင့်ဆက်ဆံခြင်းကိုမပြုရ။
သင်တို့သည် မိမိနှင့်ဆွေမျိုးနီးစပ်သူမည်သူ့ကိုမျှ ဆက်ဆံရန် မချဉ်းကပ်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်နှင့်တစ်အိမ်တည်း၌မွေးသော၊ သို့မဟုတ် အခြားတစ်နေရာရာ၌မွေးသော သင့်ဖခင်၏သမီး၊ သို့မဟုတ် သင့်မိခင်၏သမီးဖြစ်သည့် သင်၏နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
‘မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမနှင့် မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။