အကယ်စင်စစ် “ငါ့ရှေ့မှောက်၌ လူတိုင်းဒူးထောက်ကြရလိမ့်မည်။ လူတိုင်း၏နှုတ်သည် သစ္စာဆိုကြရလိမ့်မည်”ဟု ငါကိုယ်တိုင် ကျိန်ဆိုပြီ။ ဤဖြောင့်မှန်သောစကားသည် ငါ့နှုတ်မှထွက်လာသည်ဖြစ်၍ ပြန်လှည့်လာမည်မဟုတ်။
ယေဇကျေလ 21:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါမှ ငါထာဝရဘုရားသည် ဓားအိမ်ထဲမှ ဓားကိုဆွဲထုတ်၍ နောက်တစ်ဖန် ပြန်မသွင်းကြောင်းကို လူအပေါင်းတို့သိရလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။ Common Language Bible ငါထာဝရဘုရားသည်မိမိ၏ဋ္ဌားတော် ကိုဋ္ဌားလွယ်အိမ်မှထုတ်တော်မူပြီဖြစ် ကြောင်း၊ ထိုဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန် ၍သွင်းတော်မူမည်မဟုတ်ကြောင်းကိုလူ အပေါင်းတို့သိရကြလိမ့်မည်။ Garrad Bible နေ မ ဝင် ရ အောင် ဓား တော် ကို၊ ငါ ထာ ဝ ရ ဘု ရား ချွတ် ကြောင်း၊ လူ အ ပေါင်း တို့ သိ ရ ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို ဆင့် ဆို လော့။ Judson Bible ငါထာဝရဘုရားသည် ငါ့ဓားကို သူ့အိမ်မှထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုဓားသည် နောက်တစ်ဖန် အိမ်သို့ မပြန်ရ။ |
အကယ်စင်စစ် “ငါ့ရှေ့မှောက်၌ လူတိုင်းဒူးထောက်ကြရလိမ့်မည်။ လူတိုင်း၏နှုတ်သည် သစ္စာဆိုကြရလိမ့်မည်”ဟု ငါကိုယ်တိုင် ကျိန်ဆိုပြီ။ ဤဖြောင့်မှန်သောစကားသည် ငါ့နှုတ်မှထွက်လာသည်ဖြစ်၍ ပြန်လှည့်လာမည်မဟုတ်။
ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။
ထိုမီးကို ငါထာဝရဘုရားရှို့ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ စင်စစ် သင်မွေးဖွားရာသင့်ဇာတိမြေတွင်ပင် သင့်ကို ငါစီရင်မည်။
သို့ဖြစ်၍ အချင်းလူသား၊ ညည်းတွားလော့။ သူတို့ရှေ့တွင် နှလုံးကြေကွဲစွာ၊ ခါးသီးစွာ ညည်းတွားလော့။
ထာဝရဘုရားကိုဆန့်ကျင်၍ မည်သည့်အကြံကို သင်တို့ကြံစည်နေကြသနည်း။ ကိုယ်တော်သည် အဆုံးသတ်စေပြီ။ ဆင်းရဲဒုက္ခကို ဒုတိယအကြိမ် ရောက်လာစေမည်မဟုတ်။
ထိုနေ့ရက်တွင် ဧလိမှအစ သူ့အိမ်သူအိမ်သားတို့နှင့်ပတ်သက်၍ ငါမိန့်ဆိုထားသည့်အတိုင်း အစအဆုံးဖြစ်စေမည်။