ထိုကာလတွင် ယွာဘသည် အမ္မုန်အမျိုးသားတို့၏ရဗ္ဗာမြို့ကို တိုက်ခိုက်၍ နန်းမြို့တော်ကိုသိမ်းယူပြီးလျှင်
ယေဇကျေလ 21:20 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းနှင့် ယုဒပြည်၊ ဂျေရုဆလင်ခံတပ်မြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းကို မှတ်သားရမည်။ Common Language Bible ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။- Garrad Bible အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော် သို့လည်း ကောင်း၊ ယု ဒ ပြည် ယေ ရု ရှ လင် ခံ မြို့ တော် သို့လည်း ကောင်း၊ ဓား တက် ရောက် နိုင် သော လမ်း ကို ပုံ ရေး လော့။ Judson Bible အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့လည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့လည်းကောင်း၊ ဓားရောက်ရာလမ်းကို မှတ်သားလော့။ |
ထိုကာလတွင် ယွာဘသည် အမ္မုန်အမျိုးသားတို့၏ရဗ္ဗာမြို့ကို တိုက်ခိုက်၍ နန်းမြို့တော်ကိုသိမ်းယူပြီးလျှင်
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ဩဇိမင်းကြီးသည် ဂျေရုဆလင်မြို့ ထောင့်တံခါး၊ ချိုင့်ဝှမ်းလွင်ပြင်တံခါး၊ မြို့ရိုးထောင့်တို့တွင် ရဲတိုက်များကို အခိုင်အခံ့တည်ဆောက်၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
ဂျေရုဆလင်မြို့ရှိအိမ်များကိုရေတွက်၍ မြို့ရိုးကို အခိုင်အမာပြုပြင်ရန် အိမ်များကို ဖြိုဖျက်ကြ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရန်ပြုလာသောရန်သူတို့ ဂျေရုဆလင်မြို့တံခါးထဲ ဝင်ရောက်လာနိုင်သည်ကို မည်သည့်မြေကြီးဘုရင်မျှ၊ မည်သည့်လောကလူသားမျှ မယုံနိုင်ကြပေ။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)