ယေဇကျေလ 21:20 - Common Language Bible20 ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible20 အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော် သို့လည်း ကောင်း၊ ယု ဒ ပြည် ယေ ရု ရှ လင် ခံ မြို့ တော် သို့လည်း ကောင်း၊ ဓား တက် ရောက် နိုင် သော လမ်း ကို ပုံ ရေး လော့။ အခန်းကိုကြည့်ပါ။Judson Bible20 အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့လည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့လည်းကောင်း၊ ဓားရောက်ရာလမ်းကို မှတ်သားလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 အမ္မုန်ပြည်၊ ရဗ္ဗာမြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းနှင့် ယုဒပြည်၊ ဂျေရုဆလင်ခံတပ်မြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းကို မှတ်သားရမည်။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)