ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ကို ကြိမ်လုံးအောက်မှ ဖြတ်သွားစေမည်၊ ပဋိညာဉ်ကြိုးဖြင့် ချည်နှောင်မည်။
``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-
တောင် ဝေး အောက် စီ သွား စေ ခြင်း၊ ပ ဋိ ညာဉ် တော် ဖွဲ့ ကြိုး အ တွင်း လျှို သွား စေ ခြင်း ပြု သည့် ကာ လ၊
နှင်တံအောက်မှာ လျှောက်သွားစေ၍၊ ပဋိညာဉ်အချည်အနှောင်ကို ခံစေမည်။
ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ငါတည်စေသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။
အသင် ငါ့သိုးတို့၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးအချင်းချင်းအမှု၊ သိုးနှင့်ဆိတ်တို့အမှုကို စီရင်မည်။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။