ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
ယေဇကျေလ 20:36 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်တောကန္တာရတွင် စီရင်ခဲ့သကဲ့သို့ သင်တို့ကို စီရင်မည်’ဟု မိန့်တော်မူ၏။ Common Language Bible အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အိ ဂျစ် ပြည် နယ် ဆုံ သဲ တော တွင်၊ ဘိုး ဘေး တို့ ကို ငါ စီ ရင် ခဲ့ သည့် နည်း တူ၊ သင် တို့ ကို လည်း စီ ရင် လျက်၊ Judson Bible အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရားတွေ့မည်။ |
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
ထို့ကြောင့် ငါသည် သင်တို့ကို စွဲချက်တင်မည်။ သင်တို့၏သားမြေးတို့ကိုလည်း စွဲချက်တင်မည်”ဟု မိန့်တော်မူ၏။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ငါသည် သူ့ကိုပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ဘေဘီလုံပြည်သို့ခေါ်ဆောင်သွားမည်။ သူသည် ဖောက်ပြန်၍ ငါ့ကိုပြစ်မှားသောကြောင့် ထိုအရပ်၌ပင် သူ့ကို ငါစစ်ကြောစီရင်မည်။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
သင်တို့ကို လူမျိုးတကာတို့နေရာ တောကန္တာရသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် သင်တို့ကို မျက်နှာချင်းဆိုင် စီရင်မည်။
အသင် ငါ့သိုးတို့၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးအချင်းချင်းအမှု၊ သိုးနှင့်ဆိတ်တို့အမှုကို စီရင်မည်။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။