အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 20:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ငါ​သည်​လည်း သူ​တို့​အား မဟုတ်မမှန်​သော​ကျင့်ထုံး​များ​၊ အသက်​တည်​ရာ​မ​ဟုတ်​သော ဓလေ့ထုံးတမ်း​များ​နောက်​သို့ လိုက်​ခွင့်​ပေး​လိုက်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

``ထို​နောက်​ငါ​သည်​သူ​တို့​အား​မ​လျောက်​ပတ် သည့်​ပ​ညတ်​များ​နှင့် အ​သက်​ရှင်​မှု​ကို​မ​ပြု စု​နိုင်​သည့်​အ​မိန့်​တော်​များ​ကို​ပေး​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ ကောင်း သော ထုံး ဖွဲ့ ချက် များ ကို လည်း ကောင်း၊ အ သက် တည် ရာ တည် ကြောင်း မ ဟုတ် သော ဆုံး ဖြတ် ချက် များ ကို လည်း ကောင်း၊ ပေး သည့် ပြင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ မ​ကောင်း​သော​စီ​ရင်​ချက်၊ အ​သက်​မ​ရှင်​ရ​သော ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ပေး၏။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 20:25
9 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန် သူ​တို့​နှလုံးသား​၏​မာကျောမှု​လက်​သို့ ငါ​အပ်​လိုက်​၏​။


ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။


သူ​တို့​၏​ပူဇော်သက္ကာ​ဖြစ်​သည့် သားဦး​တိုင်း​ကို မီးရှို့​ပူဇော်​ခြင်း​ဖြင့် ငါ​သည် သူ​တို့​ကို ညစ်ညူး​စေ​၍ သူ​တို့​ကို ငါ​ဖျက်ဆီး​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​မည်​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။