ယေဇကျေလ 20:25 - Common Language Bible25 ``ထိုနောက်ငါသည်သူတို့အားမလျောက်ပတ် သည့်ပညတ်များနှင့် အသက်ရှင်မှုကိုမပြု စုနိုင်သည့်အမိန့်တော်များကိုပေး၏။- အခန်းကိုကြည့်ပါ။Garrad Bible25 မ ကောင်း သော ထုံး ဖွဲ့ ချက် များ ကို လည်း ကောင်း၊ အ သက် တည် ရာ တည် ကြောင်း မ ဟုတ် သော ဆုံး ဖြတ် ချက် များ ကို လည်း ကောင်း၊ ပေး သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible25 ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထို့ကြောင့် ငါသည်လည်း သူတို့အား မဟုတ်မမှန်သောကျင့်ထုံးများ၊ အသက်တည်ရာမဟုတ်သော ဓလေ့ထုံးတမ်းများနောက်သို့ လိုက်ခွင့်ပေးလိုက်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-