သူတို့၏သားစဉ်မြေးဆက်တို့ကို အပြည်ပြည်အရပ်ရပ်သို့ကွဲလွင့်စေလျက် လူမျိုးခြားတို့အလယ်တွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း လက်တော်ကိုမြှောက်၍ကျိန်ဆိုတော်မူ၏။
ယေဇကျေလ 20:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။ Common Language Bible ထို့ကြောင့်ငါသည်သူတို့အားကမ္ဘာအရပ် ရပ်သို့ကွဲလွင့်စေမည်ဟု တောကန္တာရတွင် ငါကျိန်ဆို၏။- Garrad Bible ၎င်း ပြင်၊ ငါ့ ဆုံး ဖြတ် ချက်၊ ထုံး ဖွဲ့ ချက် များ ကို မ ပြု မ ကျင့် ဘဲ စွန့် ပစ် လျက်၊ ဥ ပုသ် နေ့ တော် ကို လည်း ရှုတ် ချ လျက်၊ ဘိုး ဘေး တို့ ရုပ် ပွား များ ကို စ က္ခု အာ ရုံ စွဲ လမ်း ကြ သော ကြောင့်၊ လူ အ မျိုး မျိုး အ ပြည် ပြည် တွင် အ နှံ့ အ ပြား ကွဲ လွင့် စေ မည် ဟု၊ သဲ တော တွင် လက် ရုံး မြှောက် လျက်၊ Judson Bible တစ်ဖန် ငါသည် သူတို့ကို အတိုင်းတိုင်းအပြည်ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှာ တော၌ကျိန်ဆို၏။ |
သူတို့၏သားစဉ်မြေးဆက်တို့ကို အပြည်ပြည်အရပ်ရပ်သို့ကွဲလွင့်စေလျက် လူမျိုးခြားတို့အလယ်တွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း လက်တော်ကိုမြှောက်၍ကျိန်ဆိုတော်မူ၏။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
သို့သော် သူတို့သည် ရုပ်တုတို့ရှေ့တွင်ရပ်၍ လူတို့အတွက် အမှုကိုဆောင်ရွက်ကြပြီ။ အစ္စရေးအမျိုးအနွယ်တို့ကို အပြစ်ထဲသို့ လဲကျစေသောသူများ ဖြစ်ကြပြီ။ ထို့ကြောင့် ကိုယ့်အပြစ်ကိုယ်ခံရကြမည်ဟု ငါကျိန်ဆိုပြီ’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။