အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
ယေဇကျေလ 20:20 - မြန်မာ့စံမီသမ္မာကျမ်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိစေဖို့ ဥပုသ်နေ့သည် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏’ဟု ငါဆိုခဲ့၏။ Common Language Bible ငါနှင့်သင်တို့ဖွဲ့ထားသည့်ပဋိညာဉ်၏အမှတ် လက္ခဏာဖြစ်စေရန်နှင့် ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုလည်း သင်တို့အားသတိရစေရန် ဥပုသ်နေ့ကိုသန့်ရှင်းစေကြလော့' ဟုငါ သတိပေး၏။ Garrad Bible ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ခွင့် ရ ကြ အံ့ သော ငှာ၊ ငါ နှင့် သင် တို့ ကြား တွင် သက် သေ လ က္ခ ဏာ ဖြစ် လ တ္တံ့ သော ဥ ပုသ် နေ့ တော် ကို သီး သန့် စောင့် ရှောက် ကြ လော့ ဟု မိန့် ဆို သော်၊ သား မြေး တို့ လည်း၊ ပြု ကျင့် သူ တိုင်း၊ Judson Bible ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။ |
အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
ထိုသို့ပြုသောသူ၊ ထိုအရာကိုဆုပ်ကိုင်ထားသောလူသား၊ ဥပုသ်နေ့ကိုမညစ်ညူးစေဘဲ စောင့်ထိန်းသောသူ၊ မည်သည့်မကောင်းမှုကိုမျှမပြုမိစေရန် မိမိလက်ကိုချုပ်တည်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
ဥပုသ်နေ့၌ အိမ်ထဲမှဝန်ထုပ်များကို မသယ်ထုတ်ရ။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းကြလော့။
တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင်
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။
သင်သည် ငါ၏သန့်ရှင်းရာဌာနကို မထီမဲ့မြင်ပြုပြီ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေပြီ။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။