ယေရမိ 17:22 - မြန်မာ့စံမီသမ္မာကျမ်း22 ဥပုသ်နေ့၌ အိမ်ထဲမှဝန်ထုပ်များကို မသယ်ထုတ်ရ။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible22 မိမိတို့၏အိမ်များမှအဘယ်အရာကိုမျှ မသယ်မယူရကြ။ သူတို့သည်ဥပုသ်နေ့၌ အလုပ်မလုပ်ရကြ။ သူတို့၏ဘိုးဘေးများ အားငါပညတ်တော်မူခဲ့သည့်အတိုင်းထို နေ့ရက်ကိုနေ့ထူးနေ့မြတ်အဖြစ်စောင့်ထိန်း ကြရန်ပြောကြားလော့။- အခန်းကိုကြည့်ပါ။Judson Bible22 ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။