ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။
ယေဇကျေလ 2:8 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။ Common Language Bible ``အချင်းလူသား၊ ငါမိန့်တော်မူသည်ကိုနား ထောင်လော့။ သူတို့ကဲ့သို့မပုန်ကန်နှင့်။ သင်၏ ခံတွင်းကိုဖွင့်၍ငါပေးမည့်အရာကိုစား လော့'' ဟုမိန့်တော်မူ၏။- Garrad Bible အ ချင်း လူ့ သား၊ ပုန် ကန် သော သ ဘော ရှိ သူ၊ ထို လူ မျိုး တို့ ကဲ့ သို့ မ ပုန် ကန် ဘဲ၊ ငါ့ အ မိန့် ကို နာ ခံ လျက် ငါ ပေး သော အ ရာ ကို နှုတ် ဖွင့်၍၊ စား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ငါ ရှု ကြည့် ရာ၊ Judson Bible အချင်းလူသား၊ ငါပြောသောစကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန်သောသဘော မရှိနှင့်။ သင့်ပါးစပ်ကို ဖွင့်၍ ငါပေးသောအရာကို စားလော့ဟု မိန့်တော်မူလျှင်၊ |
ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။
ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။
အကယ်စင်စစ် ထာဝရဘုရားသည် အားကြီးသောလက်တော်ကို ငါ့အပေါ်တင်လျက် ဤလူမျိုး၏လမ်းသို့မလိုက်ရန် ငါ့ကိုပဲ့ပြင်တော်မူသည်ကား
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
ထိုသို့ ငါ့အား မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ နေ့အချိန်၌ သုံ့ပန်းပါသွားသောသူကဲ့သို့ အထုပ်အပိုးများကို ထုတ်သွားပြီး နေဝင်ချိန်၌ နံရံကိုဖောက်ကာ သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကိုပခုံးပေါ်ထမ်း၍ အမှောင်ထဲသို့ ထွက်သွား၏။
တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။
အချင်းလူသား၊ ယခု သင့်အား အစ္စရေးအမျိုးတို့အတွက် ကင်းစောင့်အဖြစ် ငါခန့်ထားပြီ။ ငါ၏နှုတ်ထွက်စကားကို နားထောင်ပြီး သူတို့အား သတိပေးရမည်။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
ထို့ကြောင့် ငါသည် ထိုကောင်းကင်တမန်ထံသို့သွား၍ စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းခံသောအခါ သူက “စာလိပ်ကိုယူ၍ စားလိုက်လော့။ ၎င်းသည် သင်၏ဝမ်းထဲ၌ခါးသော်လည်း သင်၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်”ဟု ငါ့အားမြွက်ဆို၏။