ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
ယေဇကျေလ 17:7 - မြန်မာ့စံမီသမ္မာကျမ်း နောက်ထပ် တောင်ပံသန်စွမ်း၍ အမွေးထူသော လင်းယုန်ငှက်ကြီးတစ်ကောင်ရှိ၏။ ထိုစပျစ်ပင်သည် ရေရရှိရန် ထိုလင်းယုန်ငှက်ကြီးရှိရာသို့ မိမိပေါက်ရာအရပ်မှ အမြစ်ကိုရောက်စေ၏၊ အကိုင်းအခက်တို့ကို ဖြာထွက်စေ၏။ Common Language Bible ``ထိုအရပ်တွင်အခြားလင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ၏အတောင်များသည် သန်မာ၍ အမွေးတို့သည်လည်းထူထပ်၏။ စပျစ်ပင်သည်ယခုမိမိတည်ရာဥယျာဉ် မှနေ၍ ရေများကိုပိုရနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ၏ဘက်သို့အမြစ်များကို ထိုးစေ၍အရွက်များကိုလည်းမျက်နှာ မူစေ၏။- Garrad Bible ၎င်း ပြင်၊ များ ပြား သော အ မွေး၊ ကျယ် ဝန်း သော အ တောင် နှင့် ပြည့် စုံ သော မ ဟာ ရွှေ လင်း တ တစ် ကောင် ရှိ သေး သ ဖြင့်၊ အ ခက် အ လက် ပေါ များ၍၊ Judson Bible အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။ |
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။
ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။
ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။
ထိုစပျစ်နွယ်ပင်သည် အကိုင်းဖြာထွက်လျက်၊ အသီးသီးလျက် ဝေဝေဆာဆာဖြစ်လာစေရန် မြေသြဇာကောင်း၍ ရေဝသောမြေပေါ်တွင် စိုက်ထားနှင့်ပြီးဖြစ်၏ဟု မိန့်တော်မူ၏။
ရေဝသောကြောင့် အပင်မှာ ကြီးထွားလေ၏။ မြေအောက်မှစိမ့်စမ်းရေကြောင့် အပင်မှာ မြင့်မားလျက်ရှိ၏။ မြစ်ရေသည် အပင်ခြေရင်းပတ်ပတ်လည်တွင် စီးဆင်း၏။ ရေသွယ်မြောင်းများသည်လည်း တောထဲရှိအပင်များအားလုံးဆီသို့ ရောက်၏။