ယေဇကျေလ 17:7 - Common Language Bible7 ``ထိုအရပ်တွင်အခြားလင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ၏အတောင်များသည် သန်မာ၍ အမွေးတို့သည်လည်းထူထပ်၏။ စပျစ်ပင်သည်ယခုမိမိတည်ရာဥယျာဉ် မှနေ၍ ရေများကိုပိုရနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ၏ဘက်သို့အမြစ်များကို ထိုးစေ၍အရွက်များကိုလည်းမျက်နှာ မူစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ၎င်း ပြင်၊ များ ပြား သော အ မွေး၊ ကျယ် ဝန်း သော အ တောင် နှင့် ပြည့် စုံ သော မ ဟာ ရွှေ လင်း တ တစ် ကောင် ရှိ သေး သ ဖြင့်၊ အ ခက် အ လက် ပေါ များ၍၊ အခန်းကိုကြည့်ပါ။Judson Bible7 အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 နောက်ထပ် တောင်ပံသန်စွမ်း၍ အမွေးထူသော လင်းယုန်ငှက်ကြီးတစ်ကောင်ရှိ၏။ ထိုစပျစ်ပင်သည် ရေရရှိရန် ထိုလင်းယုန်ငှက်ကြီးရှိရာသို့ မိမိပေါက်ရာအရပ်မှ အမြစ်ကိုရောက်စေ၏၊ အကိုင်းအခက်တို့ကို ဖြာထွက်စေ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။