ယေဇကျေလ 17:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုစပျစ်နွယ်ပင်သည် အကိုင်းဖြာထွက်လျက်၊ အသီးသီးလျက် ဝေဝေဆာဆာဖြစ်လာစေရန် မြေသြဇာကောင်း၍ ရေဝသောမြေပေါ်တွင် စိုက်ထားနှင့်ပြီးဖြစ်၏ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သို့သော်အရွက်အသီးများဖြင့်လှပဝေ ဆာသောစပျစ်ပင်ဖြစ်လာစေရန် ယင်းကို ရေအလုံအလောက်ရှိသည့်မြေကောင်း မြေသန့်၌စိုက်ပျိုးထားခဲ့ပြီးဖြစ်သည်။ အခန်းကိုကြည့်ပါ။Garrad Bible8 အ သီး သီး သော စ ပျစ် ပင် မြတ် ဖြစ် စေ ခြင်း ငှာ၊ ရေ များ ရာ မြေ ကောင်း၌ စိုက် ပျိုး ခဲ့ သော စ ပျစ် ပင် သည်၊ စိုက် ပျိုး ရာ အ ခင်း များ မှ၊ ထို ရွှေ လင်း တ ဖက် သို့၊ ရေ ကို ခင် မင်၍ အ မြစ် နှင့် အ ခက် အ လက် များ ညွှတ် ယိမ်း လေ ပြီ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible8 အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှာ ရေများရာအရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ထိုအပင် ရှင်သန်နိုင်မည်လော။ အမြစ်ကိုဆွဲနုတ်ပစ်၍ အသီးများကို ခြွေချပစ်သောအခါ အပင်ညှိုးနွမ်းသွားမည်မဟုတ်လော။ အသစ်ပေါက်သောအပင်ရှိသမျှသည်လည်း ညှိုးနွမ်းသွားမည်မဟုတ်လော။ အမြစ်ကိုဆွဲနုတ်ရန် အားကောင်းမောင်းသန်ဖြစ်စရာမလို၊ လူအမြောက်အမြားလည်း မလိုပေ။