ယေဇကျေလ 17:6 - မြန်မာ့စံမီသမ္မာကျမ်း
ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။
အခန်းကိုကြည့်ပါ။
အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။
အခန်းကိုကြည့်ပါ။
ပေါက် ပြီး နောက်၊ ရွှေ လင်း တ ဖက် သို့ အ ခက် အ လက် ညွှတ် လျက်၊ အောက် သို့ အ မြစ် စွဲ လျက်၊ စည် ကား သော စ ပျစ် ပင် အ နိမ့် အ ခွ ဖြစ်၍၊ အ ခက် အ လက် များ နှင့် ပြည့် စုံ လေ၏။
အခန်းကိုကြည့်ပါ။
အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်းအခက် အလက်အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင်ဖြစ်လေ၏။
အခန်းကိုကြည့်ပါ။