Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 17:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 နောက်ထပ် တောင်ပံ​သန်စွမ်း​၍ အမွေး​ထူ​သော လင်းယုန်ငှက်​ကြီး​တစ်​ကောင်​ရှိ​၏​။ ထို​စပျစ်ပင်​သည် ရေ​ရရှိ​ရန် ထို​လင်းယုန်ငှက်ကြီး​ရှိ​ရာ​သို့ မိမိ​ပေါက်​ရာ​အရပ်​မှ အမြစ်​ကို​ရောက်​စေ​၏​၊ အကိုင်းအခက်​တို့​ကို ဖြာထွက်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ၎င်း ပြင်၊ များ ပြား သော အ မွေး၊ ကျယ် ဝန်း သော အ တောင် နှင့် ပြည့် စုံ သော မ ဟာ ရွှေ လင်း တ တစ် ကောင် ရှိ သေး သ ဖြင့်၊ အ ခက် အ လက် ပေါ များ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​မွေး​ထူ​ထပ်၍ ကြီး​စွာ​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​တစ်​ကောင်​ရှိ၏။ စ​ပျစ်​ပင်​သည် မိ​မိ​စိုက်​ရာ​ချောင်း​မြောင်း​နား​မှာ ထို​ရွှေ​လင်း​တ၏​ကျေး​ဇူး​ကြောင့်၊ ရေ​ကို​ရ​အံ့​သော​ငှာ သူ​ရှိ​ရာ​သို့​အ​မြစ်​သွယ်​ဝိုက်၍ အ​ကိုင်း​လည်း ထိုး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 17:7
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား အမျက်​တော်​ကြောင့် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​ကို ရှေ့​တော်​မှ​ဖယ်ရှား​လိုက်​သည်​အထိ ဤသို့​ဖြစ်​ရ​ခြင်း ဖြစ်​၏​။ ဇေဒကိ​မင်းကြီး​သည်​လည်း ဘေဘီလုံ​ဘုရင်​ကို ပြန်၍​ပုန်ကန်​၏​။


သူ​တို့​လက်​အောက်​၌ ရှင်ဘုရင်​ကို​ကူညီ​ပြီး ရန်သူ​ကို​တိုက်ခိုက်​ရာ​တွင် စစ်ရေးလေ့ကျင့်​ထား​၍ ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သည်​ဦးရေ သုံးသိန်း​ခုနစ်​ထောင့်​ငါး​ရာ ရှိ​၏​။


ထိုအခါ ယုဒ​ဘုရင်​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​ရန် အီဂျစ်​ပြည်​သို့ တမန်​ကို​စေလွှတ်​၍ မြင်း​နှင့်​စစ်သည်​အမြောက်အမြား​ကို စစ်ကူတောင်း​၏​။ သူ့​အကြံ အထမြောက်​မည်လော​။ ဤသို့​ပြု​ခြင်း​ဖြင့် သူ​သည် ဘေးလွတ်​မည်လော​။ ပဋိညာဉ်​ကို ချိုးဖောက်​ပြီးမှ သူ​သည် ဘေးလွတ်​မည်လော’​ဟု ဆင့်ဆို​လော့​။


ထို​မျိုးစေ့​သည် အပင်ပေါက်​၍ အနွယ်​ဖြာထွက်​သော​စပျစ်ပင်​ကဲ့သို့ ပင်​နိမ့်​မျိုး​ဖြစ်​၏​။ အကိုင်းအခက်​များ​မူကား လင်းယုန်ငှက်​ကြီး​ရှိ​ရာ​သို့​ဖြာထွက်​၏​။ အပင်​အောက်ဘက်​တွင် အမြစ်​တွယ်​၏​။ အကိုင်း​များ​ထွက်လာ​ပြီး အခက်အလက်​တို့​ဖြင့်​ဝေဆာ​သော စပျစ်နွယ်ပင်​ဖြစ်လာ​၏​။


ထို​စပျစ်နွယ်ပင်​သည် အကိုင်း​ဖြာထွက်​လျက်​၊ အသီး​သီး​လျက် ဝေဝေဆာဆာ​ဖြစ်လာ​စေရန် မြေသြဇာ​ကောင်း​၍ ရေ​ဝ​သော​မြေ​ပေါ်တွင် စိုက်​ထား​နှင့်​ပြီး​ဖြစ်​၏​ဟု မိန့်​တော်မူ​၏​။


ရေ​ဝ​သောကြောင့် အပင်​မှာ ကြီးထွား​လေ​၏​။ မြေအောက်​မှ​စိမ့်စမ်းရေ​ကြောင့် အပင်​မှာ မြင့်မား​လျက်​ရှိ​၏​။ မြစ်ရေ​သည် အပင်​ခြေရင်း​ပတ်ပတ်လည်​တွင် စီးဆင်း​၏​။ ရေသွယ်မြောင်း​များ​သည်​လည်း တော​ထဲရှိ​အပင်​များ​အားလုံး​ဆီသို့ ရောက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ