အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
ယေဇကျေလ 16:9 - မြန်မာ့စံမီသမ္မာကျမ်း ‘သွေးဖြင့်ပေကျံနေသောသင့်ကို ရေဖြင့်ဆေးကြောပေး၏။ ဆီလိမ်းပေး၏။ Common Language Bible ``ငါသည်ရေကိုယူ၍ သင့်၌ပေကျံနေ သောသွေးကိုဆေးကြော၏။ သင်၏ကိုယ် ကိုသံလွင်ဆီနှင့်လူးပေး၏။- Garrad Bible ထို့ နောက်၊ ငါ သည် သင့် ကို အ သွေး စင် ကြယ် ရန် ရေ ချိုး လျက်၊ ဆီ လိမ်း ပြီး လျှင်၊ Judson Bible ထိုအခါ သင့်ကိုရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့် လိမ်း၏။ |
အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
သင်မွေးဖွားခြင်းအကြောင်းကိုဆိုရလျှင် သင်မွေးသောနေ့၌ သင့်ကို ချက်ကြိုးမဖြတ်ပေး၊ ရေချိုးသန့်စင်မပေး၊ ဆားမလူးပေး၊ အနှီးဖြင့် မပတ်ရစ်ပေး။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
သင်သည် ရေချိုး၊ ဖီးလိမ်းပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍ တလင်းပြင်သို့သွားပါ။ သူ စားသောက်၍မပြီးမချင်း သင်ရောက်နေသည်ကို သူမသိစေနှင့်။