ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
ယေဇကျေလ 16:59 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။ Common Language Bible အရှင်ထာဝရဘုရားက``သင်သည်သင်၏ ကတိသစ္စာတို့ကိုပမာဏမပြု၊ ပဋိညာဉ် ကိုလည်းချိုးဖောက်သဖြင့် သင်ခံထိုက်သည့် အပြစ်ကိုငါပေးမည်။- Garrad Bible အ သို့ ဆို သော် ပ ဋိ ညာဉ် တော် ကို ဖျက် လျက်၊ သ စ္စာ တော် ကို မ ထောက် မြော် သူ သင့် အ ကျင့် အ ကြံ အ တိုင်းငါ စီ ရင် သော် လည်း၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှာ၊ သစ္စာကတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။ |
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
‘သူတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ဖွဲ့ခဲ့သောပဋိညာဉ်ကို စွန့်ပယ်၍ အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော အစ္စရေးလူမျိုးမည်သူမဆို ရုပ်တုကိုနေရာပေးလျှင် ပေးသလောက် သူ့ကို ငါထာဝရဘုရား တုံ့ပြန်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။
ယခုမှာ သင့်နိဂုံးချုပ်ချိန်သည် သင့်ထံရောက်လာပြီ။ သင့်ထံသို့ ငါ့အမျက်ကို လွှတ်လိုက်မည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကိုစီရင်မည်။ သင်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို သင့်အား ပြန်ပေးဆပ်စေမည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊