ယေရမိ 22:9 - မြန်မာ့စံမီသမ္မာကျမ်း9 ‘သူတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ဖွဲ့ခဲ့သောပဋိညာဉ်ကို စွန့်ပယ်၍ အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို လူ မျိုး သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် ကို စွန့် ပယ် လျက်၊ အ ခြား ဘု ရား များ အား ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့် တည်း ဟု တုံ့ ပြန် ကြ လိမ့် မည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible9 ဤမြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သူတို့ရောက်သွားသောလူမျိုးတကာအလယ်၌ ပြောပြနိုင်မည့်အကြောင်း သူတို့အထဲမှ လူအနည်းငယ်ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့မှ လွတ်မြောက်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးသားတို့သည် သူတို့ပြုသောအပြစ်ကြောင့် ဖမ်းခေါ်သွားခြင်းခံရကြောင်း လူမျိုးတကာတို့ သိရကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ငါ့အပေါ်သစ္စာမဲ့၍ ငါသည် သူတို့ထံမှမျက်နှာလွှဲသဖြင့် သူတို့ကို ရန်သူတို့လက်သို့ အပ်လိုက်၍ သူတို့အားလုံး ရန်သူ့ဓားကြောင့် သေဆုံးရကြ၏။