မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ယေဇကျေလ 16:35 - မြန်မာ့စံမီသမ္မာကျမ်း အို ပြည့်တန်ဆာမ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။ Common Language Bible သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။ Garrad Bible သို့ နှင့် အ ညီ အို ပြည့် တန် ဆာ၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ဦး။ Judson Bible သို့ဖြစ်၍၊ အိုပြည့်တန်ဆာမိန်းမ၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“အချင်းလူသား၊ ပရောဖက်ပြုနေသော အစ္စရေးပရောဖက်တို့ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။ ကိုယ့်စိတ်ထင်နှင့် ပရောဖက်ပြုနေသောပရောဖက်တို့အား ‘ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့’ဟု ပြောကြားလော့။
သင်သည် ပြည့်တန်ဆာအလုပ်လုပ်ရာ၌ အခြားမိန်းမတို့နှင့်မတူ။ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ မည်သူမျှတောင်းဆိုစရာမလို။ သင်က အဖိုးအခမယူ၊ အဖိုးအခကိုပေးသူဖြစ်၍ အခြားမိန်းမတို့နှင့်ခြားနား၏’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် တဏှာရာဂစိတ်ပြင်းထန်လျက်၊ အဝတ်မပါအချည်းစည်းဖြစ်လျက် သင်ချစ်သောသူများနှင့်ဖောက်ပြန်မှားယွင်းသောကြောင့်၊ သင့်သားသမီးတို့ကိုသတ်၍ သင်၏စက်ဆုပ်ရွံရှာဖွယ်ရုပ်တုတို့အား ပေးလှူသောကြောင့်
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။
အကြောင်းမှာ သူသည် ရာဂစိတ်ပြင်းထန်သောပြည့်တန်ဆာမ၊ အဆင်းလှ၍ ပြုစားတတ်သောမှော်ဆရာမ ဖြစ်သည်နှင့်အညီ ပြည့်တန်ဆာအလုပ်၊ မှော်အတတ်တို့ဖြင့် လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကျွန်ပြုသောကြောင့် ဖြစ်၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သင်၌ ယောက်ျားငါးယောက်ရှိခဲ့လေပြီ။ ယခု သင်ပေါင်းနေသောသူသည်လည်း သင်၏ယောက်ျားမဟုတ်သောကြောင့် သင်ပြောသောစကားသည် မှန်ပေ၏”ဟု မိန့်တော်မူ၏။
သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။