ယေဇကျေလ 16:32 - မြန်မာ့စံမီသမ္မာကျမ်း ဖောက်ပြန်သောမိန်းမ၊ သင်သည် ကိုယ့်ခင်ပွန်းအစား သူစိမ်းယောက်ျားများကို တပ်မက်ပါသည်တကား။ Common Language Bible သင်သည်ကားမိမိ၏ခင်ပွန်းကိုချစ်မြတ် နိုးမည့်အစား သူစိမ်းတစ်ရံဆံများနှင့် မေထုန်မှီဝဲလိုသည့်မိန်းမနှင့်တူ၏။- Judson Bible ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ကိုယ်စားလက်ခံ၍ မျောက်မထားသော မိန်းမနှင့်တူ၏။ |
‘ဖိနပ်မပါဘဲမသွားနှင့်၊ အာခေါင်မခြောက်စေနှင့်’ဟု သတိပေးသော်လည်း သင်က ‘မမျှော်လင့်နှင့်။ သူစိမ်းကို ငါတကယ်ချစ်မိပြီဖြစ်၍ သူတို့နောက်သို့လိုက်တော့မည်’ဟု ဆို၏။
သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၏။ လူအသက်သတ်၏။ ရုပ်တုများနှင့် ဖောက်ပြန်၏။ ငါ့အဖို့ ဖွားမြင်သောသားသမီးများကိုပင် ထိုရုပ်တုတို့၏အစာအဖြစ် ပူဇော်ကြ၏။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။