ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။
ယေဇကျေလ 16:31 - မြန်မာ့စံမီသမ္မာကျမ်း ‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။ Common Language Bible သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။- Judson Bible သင်၏ကုဋီတိုက်ကို ခပ်သိမ်းသောလမ်း၌တည်၍၊ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည့်တန်ဆာနှင့် မတူ။ |
ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။
ဖောက်ပြန်သောမိန်းမ၊ သင်သည် ကိုယ့်ခင်ပွန်းအစား သူစိမ်းယောက်ျားများကို တပ်မက်ပါသည်တကား။
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
ထို့ကြောင့် သင်တို့သွားလေ့ရှိသောကုန်းမြင့်အရပ်ကား မည်သို့နည်းဟူ၍ပင် သူတို့ကို ငါမေးယူရ၏။ ယနေ့တိုင်အောင် ထိုအရပ်ကို ဗာမာဟု အမည်ခေါ်တွင်လျက်ရှိ၏ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။