သင့်နှာခေါင်း၌ နှာဆွဲ၊ သင့်နား၌ နားကပ်၊ သင့်ခေါင်းပေါ်၌ တင့်တယ်သောသရဖူ စသည်ဖြင့် ငါဆင်ယင်ပေး၏။
နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။-
နှာ ကွင်း ဆွဲ ခြင်း၊ နား တောင်း ပန် ခြင်း များ ကို ပြု လျက်၊ တင့် တယ် သော သ ရ ဖူ ကို ဆောင်း စေ၏။
နားတောင်း၊ နှာဆွဲ၊ လှသောပေါင်းကိုလည်း ဆင်စေ၏။
အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
“သင့်အဖို့ ငွေပုတီးလုံးစီချယ်ထားသော ရွှေတန်ဆာများကို ငါတို့ပြုလုပ်ပေးမည်။”
ထိုနေ့ရက်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကြွင်းကျန်သောလူမျိုးတော်တို့အတွက် ဘုန်းကြီးသောသရဖူ၊ ဂုဏ်ကျက်သရေရှိသောဦးရစ် ဖြစ်တော်မူမည်။
နားဆွဲ၊ လက်ကောက်၊ မျက်နှာလွှားဇာ၊
တံဆိပ်တုံးလက်စွပ်၊ နှာဆွဲ၊
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ငါပေးသောဂုဏ်အရှိန်အဝါကြောင့် သင်သည် အလှနှင့်ပြည့်စုံ၍ သင့်အလှသည် လူမျိုးတကာတို့ထံသို့ ပျံ့နှံ့ကျော်ကြားလေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင့်ကို ငါပေးသောရွှေငွေများဖြင့် သင်ပြုလုပ်ထားသော သင်၏အဖိုးတန်အဆင်တန်ဆာကိုယူ၍ ယောက်ျားရုပ်တုများကို ပြုလုပ်ပြီးလျှင် ထိုရုပ်တုများနှင့် ဖောက်ပြန်မှားယွင်း၏။
ဘုရားရှင်ထာဝရဘုရားက ‘ခေါင်းပေါင်းကိုချွတ်လော့။ သရဖူကိုဖယ်ရှားလော့။ ဤအတိုင်းမရှိစေရ။ နိမ့်ကျသောသူကိုချီးမြှောက်၍ ကြီးမြတ်သောသူကို နိမ့်ကျစေမည်။
ထိုနေရာတွင် ပျော်ပါးနေသောလူအုပ်ကြီး ဆူညံနေ၏။ တောကန္တာရမှ သေသောက်ကြူးသော သာမန်ယောက်ျားသားတို့သည် သူတို့လက်တွင် လက်ကောက်များ၊ သူတို့ခေါင်းတွင် တင့်တယ်သောသရဖူများကို ဆင်ယင်ပေးကြလေပြီ။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။