ယေဇကျေလ 14:4 - မြန်မာ့စံမီသမ္မာကျမ်း
သို့ဖြစ်၍ ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော အစ္စရေးလူမျိုးမည်သူမဆို ရုပ်တုကိုနေရာပေးလျှင် ပေးသလောက် သူ့ကို ငါထာဝရဘုရား တုံ့ပြန်မည်။
အခန်းကိုကြည့်ပါ။
``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-
အခန်းကိုကြည့်ပါ။
သို့ ဖြစ် ၍၊ ထို သူ တို့ အား ဆင့် ဆို ရ မည် မှာ၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက်၊ အ ကြင် သူ သည်၊ ကိုယ့် ရုပ် ပွား များ ကို စိတ် စွဲ လမ်း ၍၊ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ကို မျက် မှောက် ပြု လျက်၊ ပ ရော ဖက် ထံ ချဉ်း ကပ် အံ့။
အခန်းကိုကြည့်ပါ။
ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက် ပရောဖက်ထံသို့ ရောက်လာ၏။ ထိုသူ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။
အခန်းကိုကြည့်ပါ။